ရှေ့သို့
Image

ကမ္ဘာပေါ်မှာ မက်ဆီက အကောင်းဆုံးကစားသမားပါ လို့ ဆိုလာတဲ့ ဒီဘော့စ်ကွီ

2:47 PM, 25 December

စပိန်လက်ရွေးစင်နည်းပြဟောင်းဖြစ်တဲ့ ဒီဘော့စ်ကွီက မက်ဆီဟာ သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားဖြစ်ပြီး မာရာဒိုနာထက်ကိုပိုကောင်းတဲ့သူဖြစ်ပါတယ်လို့ ယုံကြည်မိကြောင်း ပြောကြားလိုက်ပါတယ်။


စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြဟောင်းဖြစ်တဲ့ ဒီဘော့စ်ကွီကတော့ မက်ဆီဟာ သူမြင်ဖူးသမျှကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်လို့ Radio Marca သို့ ပြောကြားလိုက်ပါတယ်။ နည်းပြကြီးဟာ ပီအက်စ်ဂျီကစားသမားကို ချီးကျူးထားပြီး အာဂျင်တီးနားသားရဲ့ အရည်အချင်းတွေကို ပြောကြားလိုက်ပါတယ်။


"သူရဲ့ခြေစွမ်းတည်ငြိမ်မှုနဲ့ အရည်အချင်းကြောင့် မက်ဆီဟာ ကမ္ဘာ့ပေါ်မှာအကောင်းဆုံးကစားသမားပါ။ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အံ့မခမ်းပါပဲ။ သူမှာ ကောင်းမွန်တဲ့အရာသီအချို့ရှိခဲ့ပြီး သူ့ရဲ့အသင်းကိုရှေ့ရောက်ဖို့ အမြဲတမ်းဦးဆောင်သူဖြစ်ပါတယ်" လို့ ဒီဘော့စ်ကွီက ပြောပါတယ်။


နောက်ပြီး စပိန်နည်းပြအသစ်ဖြစ်တဲ့ လူးဝစ်ဒီလာဖူရန်တီနဲ့ပတ်သက်ပြီး ဒီဘော့စ်ကွီက "သူ့မှာ ဘောလုံးအသိဉာဏ်အများကြီးရှိပြီး ဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ မျိုးဆက်ကစားသမားတွေရှိပါတယ်။ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကျွန်တော်တို့က အကောင်းဆုံးကစားသမားကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်" လို့ပြောပါတယ်။


"စပိန်နဲ့အတူ ကမ္ဘာ့ဖလားကိုရရှိဖို့ဆိုတာက ခက်ခဲတာကြောင့် အင်းနရစ်ကိုလည်း ဝေဖန်ဖို့မသင့်ပါဘူး" လို့ သူက ပြောပါတယ်။

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား