ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ ဒဏ်ရာရခဲ့တာကြောင့် တစ်လခန့်နားရတော့မယ့် ရူဘင်ဒီယက်စ်

10:23 AM, 25 December

မန်စီးတီးအသင်းဟာ ချန်ပီယံဆုအတွက် အာဆင်နယ်အသင်းနဲ့အားပြိုင်နေရတာဖြစ်ပြီး အခုတော့ ချန်ပီယံဆုကာကွယ်နိုင်ဖို့ ခက်ခဲသွားတော့မှာဖြစ်ပါတယ်။

အားထားရတဲ့နောက်ခံလူ ဒီယက်စ်တစ်ယောက် ဒဏ်ရာကြောင့် တစ်လခန့်နားရတော့မှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ပေါ်တူဂီအသင်းအတွက် ကစားပေးရင်း ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ဒီယက်စ်တစ်ယောက် ဆွစ်ဇာလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အခုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အနားမယူပဲ မော်ရိုကိုအသင်းနဲ့ကွာတားဖိုင်နယ်ပွဲကို ဆက်လက်ကစားခဲ့ကာ အခုတော့ တစ်လခန့်နားရတော့မှာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ စီးတီးအသင်းရဲ့ပွဲစဉ်တွေဖြစ်တဲ့ ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့ပွဲတွေကို လွဲချော်မှာဖြစ်ပြီး အက်ဖ်အေဖလားပွဲ နဲ့ ဆောက်သမ်တန်နဲ့ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲကိုပါ လွဲချော်တော့မှာဖြစ်ပါတယ်။

လီဗာပူးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ ဂျွန်စတုန်း ၊ လာပေါ်တီ ၊ အကီ နဲ့ အကန်ဂျီတို့ပါဝင်ခဲ့ကြပါတယ်။ ဒီယက်စ်ဟာ စီးတီးရဲ့အရေးပါတဲ့နောက်ခံလူတစ်ဦးဖြစ်ပြီး ၂၀၂၀ ဘင်ဖီကာအသင်းကနေ ပြောင်းလာပြီးကတည်းက အသင်းအတွက် ၁၀၉ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဒီယက်စ် #ပရီးမီးယားလိဂ်