ရှေ့သို့
Image

ဘာစီလိုနာစတားနှင့် တွဲကစားလိုကြောင်း ပြောကြားလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

9:58 AM, 25 December

ဘရာဇီးစတားဟာ လာလီဂါတွင်ရုန်းကန်နေရသော်လည်း အိုးထရက်ဖို့ဒ်တွင် ရာဖင်ဟာနှင့်တွဲကစားလိုကြောင်း ယူနိုက်တက်စတားက ပြောဆိုလိုက်ပါတယ်။

နွေရာသီတုန်းက လိဒ်စ်ယူနိုက်တက်စတားဟာ ယူနိုက်တက်သို့ ပြောင်းရွေ့ဖို့ ချိတ်ဆက်မှုများရှိခဲ့သော်လည်း နူးကမ့်သို့ ပြောင်းရွေ့ကြေး ပေါင် ၅၅ သန်းဖြင့် ရောက်ရှိသွားတာဖြစ်ပါတယ်။

ကတ္တလန်ကလပ်သို့ရောက်ရှိသွားကတည်းက ရာဖင်ဟာ ဟာ ခြေစွမ်းပြသဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

နည်းပြဇာဗီရဲ့လက်အောက်တွင် ဘရာဇီးသားဟာ မကြာခဏဆိုသလို အရန်ခုံမှာထိုင်ခဲ့ရပြီး ညာတောင်ပံနေရာတွင် စပိန်သားနည်းပြဟာ ဒမ်ဘီလီကိုသာ သဘောကျနေတာဖြစ်ပါတယ်။

ဘယ်ကစားသမားနဲ့ တွဲပြီးကစားချင်သလဲလို့မေးရာတွင် ဖာနန်ဒက်စ်က The Athletic သို့ "အများကြီးရှိတာပေါ့၊ ဘာစီလိုနာမှာရှိနေတဲ့ ရာဖင်ဟာကလည်း တစ်ဦးအပါအဝင်ပါ"

"သူနဲ့ကျွန်တော့်ကြားက ဆက်သွယ်မှုပုံစံက အရမ်းကိုကောင်းပါတယ်။ စပို့တင်းမှာ သူနဲ့အကြာကြီး မကစားခဲ့ရပါဘူး။ ဒါပေမဲ့ သူဟာ ကျွန်တော့်အတွက် အားလုံးပေးဆပ်ပြီး ကစားခဲ့တဲ့ အသင်းဖော်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

သူတို့နှစ်ဦးဟာ ပေါ်တူဂီကလပ်စပို့တင်းလစ္စဘွန်းမှာ တစ်ရာသီကြာကစားခဲ့ဖူးတာဖြစ်ပြီး ဘရာဇီသားက ပြင်သစ်ကလပ်သို့ အရင်ဆုံးပြောင်းရွေ့သွားတာဖြစ်ပါတယ်။

ဇန်နဝါရီမှာတော့ ယူနိုက်တက်သို့ ဖာနန်ဒက်စ်ရောက်ရှိတာ ၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အသင်းသို့ ရောက်လာကတည်းက ပရိသတ်တွေသဘောကျတဲ့ ကစားသမားဖြစ်သလို အသင်းသားတွေကြားမှာ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

"ကိုယ်တိုင်က စံနမူနာပြဖြစ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရေးတိုင်းနဲ့ပွဲတိုင်းမှာ အကောင်းဆုံးဖြစ်ဖို့လိုပါတယ်။ အချို့ကစားသမားတွေက အခြားသူတွေထက် ပိုပြီးပြောကြပါတယ်။ ဒါဟာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး"

"ဦးဆောင်ရာမှာ မတူညီတဲ့နည်းလမ်းတွေရှိပါတယ်။ အချို့သူတွေဆိုရင် မလိုအပ်ဘူးလို့ ထင်ကြတာကြောင့် ဒါကို အရမ်းကြီးမပြသကြပါဘူး" လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် နော်တင်ဟမ်ဖောရက်စ်နှင့် ကစားရမှာဖြစ်ပါတယ်။

#လာလီဂါ #မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဖာနန်ဒက်စ် #ရာဖင်ဟာ