ရှေ့သို့
Image

ဖီဖာရဲ့ ၆ လပွဲကစားခွင့်ပိတ်ပင်ခံရဖွယ်ရှိနေတဲ့ ကာဗာနီ နဲ့ ဥရုဂွေးစတားများ

9:34 AM, 25 December

ကမ္ဘာ့ဖလားကနေ ထွက်ခွာရတဲ့ပွဲအတွင်း ပြုလုပ်ခဲ့တဲ့ပြုမူပုံတွေကြောင့် ကာဗာနီအပါအဝင် ဥရုဂွေးစတားတွေဟာာ ၆ လပွဲကစားခွင့်ပိတ်ပင်ခံရဖွယ်ရှိနေပါတယ်။

ဥရုဂွေးအသင်းဟာ အခုအုပ်စုအတွင်းမှာ နောက်တဆင့်ကိုမတက်ရောက်နိုင်ပဲ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ ဂါနာကိ ၂ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ဥရုဂွေးအသင်းဟာ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ မလုံလောက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကနေထွက်ခဲ့ရပေမယ့် ဂျီမီနက်ဇ် အပါအဝင် ကာဗာနီအစရှိတဲ့ကစားသမားတော်တော်များများဟာ ကွင်းလယ်ဒိုင်ကို စောဒဂတက်ခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ကာဗာနီက VAR စက်ကို  ထုရိုက်ခဲ့တဲ့ပုံလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးသမား မူဆလီရာ နဲ့ နောက်ခံလူ ဂိုဒင်တို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလုပ်ရပ်တွေကြောင့် ဖီဖာက စည်းမျည်း ၁၁ နဲ့ ၁၂ ကို ချိုးဖောက်တယ်လို့ ထင်မြင်နေပြီး ပါဝင်ခဲ့တဲ့သူတွေကို ၆ လပွဲပယ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

စည်းမျည်း ၁၂ အရ ကစားသမားတွေအနေနဲ့ ကွင်းလယ်ဒိုင်ကို စောဒဂတက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။ ကာဗာနီ နဲ့ ဂျီမီနက်ဇ်အသင်းတွေဖြစ်တဲ့ ဗလန်စီယာ နဲ့ တီကိုတို့ကတော့ သူတို့ကစားသမားတွေအနေနဲ့ ပွဲဆက်ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အဆိုပါပွဲပယ်မှုက လက်ရွေးစင်အသင်းမှာ ကစားခွင့်ကိုပဲ ပိတ်ပင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဖီဖာရဲ့စည်းမျည်းထဲမှာတော့ အမုန်းပွားဖွယ် ဒါမှမဟုတ် အကြမ်းဖက်မှုမှာပါဝင်ခဲ့ရင် သူတို့ကို သက်ဆိုင်ရာပြိုင်ပွဲတွေမှာပါ ပိတ်ပင်ခွင့်ရှိနေတာဖြစ်ပါတယ်။

#ကာဗာနီ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား #ဂျီမီနက်ဇ်