ရှေ့သို့
Image

ရီယိုဒီဂျနေးရိုးမြို့လမ်းမအထက်မှာ ကမ္ဘာ့ဖလားရလဒ်နဲ့ ဆက်စပ်ပြီး အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရတဲ့ နည်းပြ တီတီ

9:19 AM, 25 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ဆင့်ပွဲစဉ်တွင် ဘရာဇီးအသင်းက ခရိုအေးရှားအသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရမှုနဲ့ ဆက်စပ်ပြီး ဘရာဇီးလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ နည်းပြ တီတီအနေဖြင့် ရီယိုဒီဂျနေးရိုးမြို့လမ်းမတစ်ခုအထက်မှာ လူဆိုးအဖွဲ့တစ်ခုရဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘရာဇီးအသင်းရဲ့ အသက် ၆၁နှစ်အရွယ်နည်းပြ တီတီနေဖြင့် ဆမ်ဘာလက်ရွေးစင်ဘောလုံးအသင်းကို ၂၀၁၆ခုနှစ်တွင် စတင်တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃နှစ်အကြာ၌ တောင်အမေရိကတိုက်ရဲ့ အကြီးမားဆုံး ဖလားပြိုင်ပွဲဖြစ်တဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် ချန်ပီယံအဖြစ် ဘရာဇီးအသင်းနဲ့အတူ မှတ်တမ်းရေးထိုးထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူစားရင်းစုဖွဲ့အားကောင်းမွန်တာကြောင့် ပြိုင်ပွဲအတွင်း ၆ကြိမ်မြောက်ချန်ပီယံဆု ဆွတ်ခူးနိုင်ရန်အတွက် ရေပန်းစားမှုမြင့်မားတဲ့ ဘရာဇီးအသင်းအနေဖြင့် ကွာတားဆင့်မှာသာ ၂၀၁၈ကမ္ဘာ့ဖလား ငွေတံဆိပ်ဆုရှင် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ အရေးနိမ့်ပြီး လှည့်ပြန်ခဲ့ရတာကြောင့် နည်းပြတီတီအတွက် စိတ်ထိခိုက်စရာဖြစ်ခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ်ကနေပါ နှုတ်ထွက်စေခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံရဲ့မြို့တော် ရီယိုဒီဂျနေးရိုးမြို့ရဲ့ လမ်းမတစ်ခုအထက်တွင် နည်းပြ တီတီအနေဖြင့် လမ်းလျှောက်ထွက်လာစဉ် ဘရာဇီးလူရမ်းကား တစ်စုက နံနက် ၆နာရီခန့်တွင် ဝိုင်းဝန်းတိုက်ခိုက်သွားခဲ့ကြာတာ ဖြစ်ပါတယ်။

အဆိုပါ အကျည်းတန်လွန်းလှတဲ့ ဖြစ်ရပ်နဲ့ ပက်သက်လို့ ဘရားဇီးလက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ပီအက်စ်ဂျီအသင်းရဲ့ စူပါစတား နေမာအပါအဝင် လက်ရွေးစင်ကစားသမားတွေက နည်းပြ တီတီဘက်ကနေ ရပ်တည်ကာ အားပေးစကားပြောဆိုတာမျိုးတွေလည်း ပြုလုပ်လျှက်ရှိနေတာပဲ ဖြစ်ပါတယ်။

#တီတီ #ဘရာဇီး #၂၀၂၂ကမ္ဘာ့ဖလား