ရှေ့သို့
Image

မက်ဆီကဲ့သို့ ကမ္ဘာ့ချန်ပီယံအဖြစ် နိုင်ငံတကာပွဲစဉ်တွေ ဆက်ကစားဖို့ ရှိနေတဲ့ ဒီမာရီယာ

6:02 PM, 24 December

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့အပြီးမှာ အာဂျင်တီးနားအသင်းရဲ့ အဓိကတိုက်စစ်မှုးဖြစ်တဲ့ လီယွန်နယ်မက်ဆီက ကစားသမားဘဝမှ အနားမယူသေးဘဲ ချန်ပီယံအဖြစ် ဆက်ကစားလိုသေးကြောင့် ပြောဆိုထားခဲ့သလို မက်ဆီကဲ့သလို ပြင်သစ်အသင်းကို အနိုင်ရယူနိုင်ကာ ကမ္ဘာ့ ဖလားချန်ပီယံဖလားကို ကိုင်မြောက်ခွင့်ရစေခဲ့တဲ့ ပွဲစဉ်အတွင်း သွင်းဂိုး ဖော်ဆောင်ပေးထားနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာအနေဖြင့်လည်း ကစားသမားဘဝမှ အနားယူခြင်းမရှိသေးဘဲ အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ဆက်လက် ကစားသွားဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အာဂျင်တီးနားအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးကာ ၆၄မိနစ်အရောက်မှာလူစားလဲခံခဲ့ရပေမဲ့ ကမ္ဘာ့ဘောလုံးလောကအတွင်း အကြီးမားဆုံးဆုတံဆိပ်တစ်ခုဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံဆုတံဆိပ်ကို ဆွတ်ခူးရယူနိုင်ခဲ့အပြီးမှာ အသက် ၃၄နှစ်အရွယ် ဒီမာရီယာအနေဖြင့် အနားယူသွားဖွယ်မရှိသေးကြောင်း TyC အားကစားသတင်းထောက် ဂက်စ်တန်အီဒူးလ် က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီမာရီယာအနေဖြင့် အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ၂၀၀၈ခုနှစ်မှာ ရွေချယ်ခြင်းခံခဲ့ရပြီး ပွဲပေါင်း ၁၂၉ပွဲအထိ ပါဝင်ကစားပေးကာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အတွက် အရေးပါတဲ့ သွင်းဂိုး ၁ဂိုးသွင်းယူပေးနိုင်ခဲ့သလို ၂၀၂၁ ကိုပါအမေရိက ဖလားပြိုင်ပွဲအတွင်လည်း ချန်ပီယံဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူပေးထားနိုင်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။ 

#ဒီမာရီယာ #အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား