ရှေ့သို့
Image

ကမ္ဘာ့ဖလားယူတဲ့အချိန် ကာတာဘုရင်ဝတ်ဆင်ပေးခဲ့တဲ့ ဝတ်ရုံအတွက် ဒေါ်လာ၁သန်းဖြင့် ကမ်းလှမ်းခြင်းခံလိုက်ရတဲ့ မက်ဆီ

11:29 AM, 24 December

ဘော်လွန်းဒီအော်ဆု ၇ ကြိမ်ရ ကစားသမားဟာ အာဂျင်တီးနားရဲ့ ပြင်သစ်အား ပင်နယ်တီဖြင့် အနိုင်ရရှိမှုတွင် လက်ရွေးစင်အသင်းကို ကူညီပေးခဲ့သူဖြစ်ပါတယ်။


ဒါဟာ မက်ဆီရဲ့ ပထမဆုံး ကမ္ဘာ့ဖလားရရှိခြင်းဖြစ်ပြီး သူ့ရဲ့မျိုးဆက်မှာ အကြီကျယ်ဆုံး ကစားသမားတစ်ဦးအဖြစ် ခိုင်မာစေခဲ့တာဖြစ်ပါတယ်။


အိမ်ရှင်နိုင်ငံဖြစ်တဲ့ ကာတာကတော့ မက်ဆီကို အနက်ရောင်နှင့်ရွှေရောင်တို့ဖြင့် ရောစပ်ထားတဲ့ ဝတ်ရုံကို ဆုပေးပွဲအခမ်းအနားမှာ ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။


အဆိုပါဝတ်ရုံဟာ အာရပ်နိုင်ငံများမှာ ကြွယ်ဝချမ်းသာခြင်းနှင့် မင်းမျိုးမင်းနွယ်ကို ကုယ်စားပြုတဲ့ အရာဖြစ်ကာ တာတာသည် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရတဲ့ ပထမဆုံး မွတ်ဆလင်နိုင်ငံဖြစ်တာကြောင့် ဆုချီးမြှင့်မှုတွင် အပိုထပ်ဆောင်း ပေးအပ်ချင်ခဲ့တာဖြစ်ပါတယ်။


အိုမန်နိုင်ငံသား ရှေ့နေတစ်ဦးကတော့ အဆိုပါဝတ်ရုံကို မက်ဆီထံမှာ ဆက်ပြီးမရှိစေလိုနေတာပါ။ အိုမန်ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အာမက်အယ်ဘာဝါနီဟာ အဆိုပါ ဝတ်ရုံကို အရှေ့အလယ်ပိုင်းတွင်သာ ဆက်ရှိနေစေချင်တာကြောင့် မက်ဆီထံသို့ များပြားတဲ့ငွေကြေးဖြင့် ကမ်းလှမ်းလိုက်ပါတယ်။


"၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားကိုရရှိခဲ့တာကြောင့် မင်းအတွက် ဂုဏ်ယူမိပါတယ်"


"အာရပ်ဝတ်ရုံဆိုတာက သတ္တိရှိမှုနဲ့ ဉာဏ်ပညာကြီးမားမှုရဲ့ သင်္ကေတဖြစ်ပါတယ်။ အဲ့ဒီဝတ်ရုံကို ပြန်ရောင်းဖို့အတွက် ဒေါ်လာ ၁ သန်း (ပေါင် ၈၂၉၀၀၀) ဖြင့် ကမ်းလှမ်းလိုပါတယ်" လို့ သူက တွစ်တာမှာရေးသားထားပါတယ်။


The National နှင့် အင်တာဗျူးမှာလည်း ဝတ်ရုံနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားကို ပြောပြခဲ့ပါတယ်။


မက်ဆီနဲ့ သူ့ရဲ့အသင်းဖော်တွေ ကမ္ဘာ့ဖလားအတွက် အောင်ပွဲခံနေတဲ့အချိန်မှာ သူဟာ လူဆေးလ်ကွင်းကြီးထဲမှာ ရှိနေခဲ့တာပါ။


"ကာတာဘုရင်က မက်ဆီကို ဝတ်ရုံ ဝတ်ဆင်ပေးလိုက်တဲ့အချိန်မှာ ကျွန်တော်က ကွင်းကြီးမှာ ကြည့်နေခဲ့တာပါ"


"ကျွန်တော်တို့က ဒီမှာရှိနေတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဖြစ်တယ်ဆိုတာကို ဒီအခိုက်အတန့်က တစ်ကမ္ဘာလုံးကိုပြသလိုက်တာပါ" လို့ သူက ပြောပါတယ်။၏


မက်ဆီရဲ့ဝတ်ရုံကိုဝတ်ဆင်လိုက်ခြင်းဟာ အာဂျင်တီးနားအသင်းရဲ့ ဂျာဆီကိုဖုံးသွားတာကြောင့် ဝေဖန်းခြင်းကိုလည်း ခံနေရပါတယ်။


အာဂျင်တီးနားအသင်းရဲ့ နောက်တန်းကစားသမားဟောင်း ဇန်ဘလက်တာကတော့ သူ့ရဲ့ဒေါသထွက်မှုကို မထိန်းနိုင်ခဲ့ပါဘူး။ "ဘာကြောင့်လဲ ဒီလိုလုပ်စရာအကြောင်းကိုမရှိပါဘူး" လို့ မှတ်ချက်ပေးခဲ့ပါတယ်။


ဒီဆုံးဖြတ်ချက်ဟာ ကာတာအတွက်လုပ်တာမဟုတ်ဘဲ ဒေသတွင်း အခမ်းအနားအတွက်သာဖြစပါတယ်လို့ ကာတာ တာဝန်ရှိသူတွေကတော့ အလေးပေးပြောကြားထားပါတယ်။

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား