ရှေ့သို့
Image

လီဗာပူးနှင့်တော့တင်ဟမ်တို့ရဲ့ပစ်မှတ် အမရာဘတ်နှင့်ပတ်သက်ပြီး ဖီအိုရင်တီးနားကို သတိပေးလိုက်တဲ့ မော်ရိုကိုနည်းပြ

11:25 AM, 24 December

ဖိအိုရင်တီးနားစတား အမရာဘတ်နှင့် မီလန်အသင်းရဲ့ ပစ်မှတ် ဇီးယက်ချ်တို့ဟာ ကမ္ဘာ့ထိပ်တန်းကလပ် ၁၀ ခုထဲက ၁ခုမှာ ကစားရမှာဖြစ်ပါတယ်လို့ ‌မော်ရိုကိုလက်ရွေးစင်နည်းပြက ပြောဆိုလိုက်ပါတယ်။


အဆိုပါကစားသမား ၂ ဦးဟာ ကာတာမှာခြေစွမ်းပြသခဲ့ကြသူတွေဖြစ်ပြီး မော်ရိုကိုအား ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်အောင် ကူညီပေးခဲ့ကြသူတွေဖြစ်ပါတယ်။


အုပ်စုအဆင့်မှာ မော်ရိုကိုဟာ ဘယ်လ်ဂျီယံ၊ စပိန်တို့ကို အနိုင်ရရှိခဲ့ပြီး ရှုံးထွက်အဆင့်မှာလည်း ပေါ်တူဂီကို အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်နှင့် တတိယနေရာလုပွဲတွင် ခရိုအေးရှားတို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။


အမရာဘတ်ဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားဖြစ်ကောင်းဖြစ်နိုင်ပြီး အသင်းကြီးတစ်သင်းသို့ ပြောင်းရွေ့သင့်ပါတယ်လို့ လက်ရွေးစင်နည်းပြက ပြောဆိုထားပါတယ်။


"ဖီအိုရင်တီးနားဖြစ်လို့ အားလုံးက လေးစားကြပါတယ်။ အမရာဘတ်က ကမ္ဘာ့ထိပ်တန်း ကလပ် ၁၀ခုထဲက ၁ခုမှာ ကစားရမှာဖြစ်ပါတယ်"


"အမယ်လက်ချ်နှင့် အိုယူနာဟီတို့ကလည်း အကောင်းဆုံးကလပ်ကိုရှာရမှာဖြစ်ပြီး ဇီးယက်ချ်အတွက်လည်းအတူတူပါပဲ။ သူဟာ ချဲလ်ဆီးမှာ ပွဲထွက်ကစားသမားတစ်ဦးဖြစ်သင့်ပါတယ်" လို့ နည်းပြက မော်ရိုကိုရုပ်သံဖြစ်တဲ့ TV Arryadia သို့ပြောပါတယ်။


တော့တင်ဟမ်နှင့် လီဗာပူးတို့ဟာ အမရာဘတ်ကို စိတ်ဝင်စားနေကြတာဖြစ်သော်လည်း ဖီအိုရင်တီးနားကတော့ သူတို့ရဲ့ ကစားသမားကို ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ထားတာပါ။


သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၄ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးနိုင်ခဲ့ရင်တော့ ဇန်နဝါရီအပြောင်းအရွေ့နှင့် နွေရာသီအပြောင်းအရွေ့တွေမှာ ဖိအိုရင်တီးနားအနေနဲ့ ကစားသမားရဲ့ အပြောင်းအရွေ့ကို ကောင်းကောင်းထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။

#လီဗာပူး #တော့တင်ဟမ် #အပြောင်းအရွှေ့ #အမရာဘတ် #မော်ရိုကို