ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာအသင်းနှင့်ပြဿနာဖြစ်ပွားခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်တဲ့ အိုနာနာ

11:02 AM, 24 December

ကမ္ဘာ့ဖလားတွင် အသင်းအုပ်ချုပ်သူတွေရဲ့ ပွဲပယ်လိုက်ခြင်းကိုခံရပြီးနောက် အိုနာနာဟာ အသက် ၂၆နှစ်အရွယ်မှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။


အင်တာကစားသမားဟာ ကာတာကမ္ဘာ့ဖလားတွင် ဖော်ပြထားခြင်းမရှိတဲ့ စဉ်းမျဉ်းဆိုင်ရာ အကြာင်းပြချက်တွေနဲ့ အသင်းရဲ့လူစာရင်းကနေ ဖယ်ထုတ်ခြင်းခံလိုက်ရတာဖြစ်ပါတယ်။


နည်းပြနှင့် သဘောထားကွဲလွဲခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို သူ့ကိုပေးလိုက်တဲ့ အပြစ်ဒဏ်ကလည်း နားလည်ရခက်ပါတယ်လို့ ပြောဆိုခဲ့ကာ အသင်းရဲ့အကျိုးအတွက် ဆန့်ကျင့်ပြီးလုပ်ဖို့ကိုလည်း အိုနာနာက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။


အခုတော့ သူဟာ ကင်မရွန်းလက်ရွေးစင်အဖြစ်ကနေ အနားယူလိုက်ပြီဖြစ်ပါတဘ်။


နိုင်ငံအသင်းအတွက် ကစားပေးဖို့ အိပ်မက်က ပြည့်မြောက်ခဲ့ပါပြီလို့ အိုနာနာက တွစ်တာမှာရေးသားထားပါတယ်။


မဆုံးနိုင်တဲ့လေ့ကျင့်ခန်းတွေ၊ ခရီးစဉ်တွေနဲ့ ဇွဲလုံးလဝီရီယတွေအကြောင်းကို သူက ပြောထားပါတယ်။


"အားလုံးက ပုံပြင်လိုပါပဲ၊ ဒါပေမဲ့ လှပတဲ့အဆုံးသတ်ရှိကောင်းရှိနိုင်ပါတယ်။ ကင်မရွန်းလက်ရွေးစင်အသင်းနဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်းကတော့ ပြီးဆုံးသွားပါပြီ"


"ကစားသမားတွေလာကြတယ်၊ အမည်နာမတွေဆိုတာက ခဏတာပါပဲ။ ကင်မရွန်းဆိုတာက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကစားသမားပဲဖြစ်ဖြစ် အားလုံးရဲ့ရှေ့မှာပဲရှိတာပါ။ ကင်မရွန်းက ထာဝရအမြဲတည်မြဲနေမှာပါ၊ နိုင်ငံ့အသင်းနဲ့ရှိခဲ့တဲ့အချိန်တွေက ဘယ်လောက်ပဲခက်ခဲခဲ့ပါစေ အမြဲတမ်းအားပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ပရိသတ်တွေအပေါ် ကျွန်တော့်ရဲ့ချစ်ခြင်းတွေက ရှိနေပါတယ်" လို့ အိုနာနာက ရေးသားထားပါတယ်။


နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သူဟာ လက်ရွေးစင်အသင်းရဲ့ ပွဲပယ်ခြင်းကိုခံလိုက်ရတာဖြစ်ပြီး အခုတော့ ဂိုးသမားဟာ ကလပ်အတွက်ကိုသာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ငယ်ရွယ်တဲ့အသက် လှည့်ပြောင်းသွားတဲ့ အနာဂတ်က အံ့ဩစရာတော့မဟုတ်ပါဘူး။


အိုနာနာရဲ့ စာတွေထဲမှာ ကာတာ ၂၀၂၂ တွင်ဖြစ်ခဲ့တဲ့ ကိစ္စတွေအပေါ် ရှင်းရှင်းလင်းလင်းပြောထားခြင်းမရှိဘဲ နိုင်ငံအပေါ်ကိုတော့ သစ္စာရှိနေအုံးမှာဖြစ်ပါတယ်။


"ကျွန်တော့်ရဲ့ခံစားချက်တွေက ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကင်မရွန်းနိုင်ငံသားအသည်းနှလုံးက ဆက်လက်ခုန်နေအုံးမှာဖြစ်ပြီး နိုင်ငံရဲ့အလံကို ဖြစ်နိုင်သလောက် အမြင့်ဆုံးမှာ လွှင့်နိုင်ဖို့ကြိုးစားသွားမှာပါ။ ပွဲစဉ်တိုင်းမှာ ၂၇ သန်းသော ကင်မရွန်းပရိသတ်တွေအမြဲရှိနေသလိုပဲ ကျွန်တော်ဟာ ပရိသတ်တစ်ဦးအနေနဲ့ အားပေးနေမှာပါ"


"ကျွန်တော့်ကို ယုံကြည်ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်လိုပါတယ်၊ အသင်းတွက် ဆက်လက်အားပေးနေအုံးမှာပါ" လို့ အိုနာနာက ပြောပါတယ်။

#အင်တာမီလန် #၂၀၂၂ကမ္ဘာ့ဖလား #အိုနာနာ #ကင်မရွန်း