ရှေ့သို့
Image

နယ်သာလန်နည်းပြရာထူးကိုဆက်ခံရင်း ဘောလုံးလောကဆီပြန်ဝင်ရောက်လာဖွယ်ရှိတဲ့ နည်းပြကိုးမန်း

5:05 PM, 23 December

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နိုင်ငံလက်ရွေးစင်အသင်းတော်တော်များများက နည်းပြအပြောင်းအလဲတွေ အပါအဝင် အပြောင်းအလဲများစွာ လုပ်ဆောင်လာခဲ့ပါတယ်။

ဒီအထဲမှာ နယ်သာလန်လက်ရွေးစင်အသင်းနည်းပြဗန်ဟားလ်လည်း ပါဝင်လာပါတယ်။ ဗန်ဟားလ်က နိုင်ပွဲအများဆုံးရရှိတဲ့ နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက် သူ့ရဲ့ရာထူးမှ တတိယအကြိမ် နုတ်ထွက်ခဲ့ပါတယ်။

ဆီးကျိတ်ကင်ဆာရောဂါမှ ပြန်လည်သက်သာလာတယ်ဆိုပေမယ့် ဒီရာထူးက နည်းပြဗန်ဟားလ်အတွက် ဘောလုံးလောကမှာ နောက်ဆုံးရာထူးတာဝန်လည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဗန်ဟားလ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာဖွယ်ရှိသူကတော့ ဘာစီလိုနာနည်းပြဟောင်း ရော်နယ်ကိုးမန်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဘာစီလိုနာကို တာဝန်ယူဖို့ အခုရာထူးကနေထွက်ခွာသွားတဲ့ ကိုမန်းက လက်ရှိအချိန်မှာတော့ နယ်သာလန်အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ကိုမန်းရဲ့မှတ်တမ်းတွေကလည်း ကောင်းမွန်လှပြီး ဘာစီလိုနာနည်းပြအဖြစ် တာဝန်မယူခင် ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူချိန်အတွင်း ဆိုးရွားတဲ့ခြေစွမ်းပိုင်းနဲ့အတူ ရလဒ်များညံ့ဖျင်းမှုကြောင့် ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလမှာ ကိုမန်းဟာ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။

နည်းပြဗန်ဟားလ်ရဲ့ ကင်ဆာရောဂါခံစားနေရမှုနဲ့အတူ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကိုမန်းက နယ်သာလန်အသင်းနည်းပြအဖြစ် ပြန်လည်တာဝန်ယူဖို့ သဘောတူထားခဲ့တယ်လို့ သိရပါတယ်။

ကိုမန်းက ဘာစီလိုနာနည်းပြအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ သူ့ရဲ့စီမံခန့်ခွဲမှုတွေကြောင့် အသင်းပရိသတ်တွေနဲ့ တင်းမာမှုပေါ်ပေါက်ခဲ့ပါတယ်။

#ဘာစီလိုနာ #နယ်သာလန် #ရော်နယ်ကိုးမန်း #ကာတာကမ္ဘာ့ဖလား