ရှေ့သို့
Image

ပွဲအပြီးမှာ ရိုင်းပြစွာပြုမူပြောဆိုခဲ့တဲ့ မက်ဆီအပေါ် လေးစားမှုရှိဆဲဖြစ်တဲ့အကြောင်း ထုတ်ပြောလာတဲ့ ဝက်ဒ်ဟော့စ်

1:57 PM, 23 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတာဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အချင်းများမှု ဖြစ်ပွားခဲ့တဲ့ မက်ဆီနဲ့ ဝက်ဒ်ဟော့စ်တို့ရဲ့ ဖြစ်စဉ်က ပြိုင်ပွဲကာလအတွင်း ဘောလုံးပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အကြောင်းအရာတွေမှာ တစ်ခုအဖြစ်ရှိတာဖြစ်ပြီး နယ်သာလန်တိုက်စစ်ကစားသမားကတော့ မက်ဆီရဲ့ အပြုအမူနဲ့ ပက်သက်ပြီး ငြိုငြင်ခြင်းမရှိဘဲ လေးစားမှုအပြည့်ရှိနေဆဲ ဖြစ်တဲ့အကြောင်း ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းက ပင်နယ်တီမှာ နယ်သာလန်အသင်းကို အနိုင်ကစားပြီး ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း အငြင်းပွားမှုတွေဆက်တိုက်ပြုလုပ်ခဲ့ကြသလို ပွဲအပြီးမှာလည်း အပြန်အလှန်အချင်းများခဲ့ကြတာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းက အနိုင်ရလဒ်ဖြင့် ပွဲသိမ်းနိုင်ခဲ့အပြီး အင်တာဗျူးအစီအစဉ်အတွင်းမှာ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီ က နယ်သာလန်အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ ဝက်ဂ်ဟော့ အနားမှာ ရှိနေစဉ် ဝက်ဂ်ဟော့ကို ရည်ညွှန်းကာ “ငတုံးကောင်” ဟုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီရဲ့ အပြုအမူနဲ့ ပက်သက်လို့ ဝက်ဒ်ဟော့စ်က “ပွဲအပြီးမှာ ကျွန်တော် လက်ဆွဲနှုတ်ဆက်ဖို့ သွားခဲ့ပေမဲ့ သူကလက်မခံခဲ့သလို ရိုင်းပြတဲ့ စကားနဲ့သာ ပြန်လည် ပြောဆိုခဲ့ပါတယ်”

“ဒါပေမဲ့ မက်ဆီရဲ့ အပြုအမူကို နှစ်လိုဖွယ်ရာတစ်ခုအနေနဲ့သာ သဘောထားပြီး သူ့လို ကစားသမားမျိုးနဲ့ ယှဉ်ပြိုင်ကစားပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တာကိုက ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုဖြစ်နေစေပါတယ်။"

"ကျွန်တော်ရဲ့ သွင်းဂိုးတွေက သူတို့အသင်းကို ကောင်းကောင်းအံ့အားသင့်စေမယ်ထင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မက်ဆီက ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲမှ တစ်ယောက်ဖြစ်တာကြောင့် လေးစားမှု အပြည့်ရှိပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#နယ်သာလန် #အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား ဝက်ဒ်ဟော့စ်