ရှေ့သို့
Image

ကမ္ဘာ့ဖလားရရှိပြီးနောက် ဖီဖာရဲ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့ အာဂျင်တီးနား

12:10 PM, 23 December

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားရရှိမှုကြောင့် ဖီဖာရဲ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့ ရွှေဘောလုံးဆုရရှိခဲ့ဟာဖြင့် ပထမနေရာကို ရရှိဖို့ တက်နိုင်စွမ်းတော့မရှိခဲ့ပါဘူး။

ကာတာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် သာမန်ပွဲကစားချိန်နှင့် အချိန်ပိုတွင် ၃-၃ ဂိုးသရေကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် အာဂျင်တီးနားဟာ ပြင်သစ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ၃၆ နှစ်တာ စောင့်ဆိုင်းနေတဲ့ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ပြန်လည် ရရှိသွားပြီဖြစ်ပါတယ်။

၅ ကြိမ်မြောက် ကစားရတဲ့ ကမ္ဘာ့ဖလားတွင် မက်ဆီက အကောင်းဆုံးခြေစွမ်းပြသခဲ့သော်လည်း အာဂျင်တီးနားရဲ့ အနီးကပ်ဆုံးပြိုင်ဘက် ဘရာဇီးကတော့ ထိပ်ဆုံးနေရာတွင် ရပ်တည်နေတာဖြစ်ပါတယ်။

ဘရာဇီးအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ခရိုအေးရှားကို ပင်နယ်တီဖြင့်ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း တီတီရဲ့ အသင်းကတော့ ထိပ်ဆုံးရှိနေရာကို ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ ၄ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်ခြင်းက အဆုံးသတ်သွားခဲ့တာဖြစ်ပြီး အဆင့် ၄ နေရာအထိ ဆင်းပေးလိုက်ရတာဖြစ်ပါတယ်။

ပြင်သစ်ကတော့ တစ်ဆင့်တက်ခဲ့ပြီး အာဂျင်တီးနားရဲ့နောက် တတိယနေရာတွင်ရှိနေကာ အင်္ဂလန်ကတော့ မပြောင်းလဲဘဲ အဆင့် ၅ နေရာတွင်ရှိနေပါတယ်။

မော်ရိုကိုအား အမှတ်မထင်ရှုံးနိမ့်ခဲ့တဲ့ စပိန်ဟာ အဆင့် ၁၀ ထိ ဆင်းပေးလိုက်ရပြီး အဲ့ဒီနောက် မော်ရိုကိုကတော့ အဆင့် ၁၁ နေရာတွင်ရှိနေပါတယ်။ ခရိုအေးရှားကတော့ အဆင့် ၇ နေရာအထိ တက်လှမ်းနိုင်ခဲ့သော်လည်း ဒိန်းမတ်ကတော့ အဆင့်ကျသွားခဲ့ရတာပါ။

ဒိန်းမတ်ဟာ အဆင့် ၁၈ အထိကျသွားခဲ့ပြီး ကျန်အထက်ပိုင်းနေရာတွေမှာတော့ နယ်သာလန်း၊ အီတလီနှင့် ပေါ်တူဂီတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

ကမ္ဘာ့ဖလားတွင် ခြေစွမ်းကျဆင်းခဲ့တဲ့ ဂျာမနီ၊ ဥရုဂွေး၊ ဝေးလ်တို့ကတော့ အဆင့်ကျဆင်းခဲ့ရတာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂျပန်၊ ဩစတြေးလျ၊ ကင်မရွန်းတို့ကတော့ အဆင့်တက်ခဲ့ပါတယ်။

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား