ရှေ့သို့
Image

မက်ဆီသူ့ကို ကောင်းကောင်းမှတ်မိသွားပြီလို့ ဆိုလာတဲ့ နယ်သာလန်တိုက်စစ်မှူး ဝက်ဒ်ဟော့စ်

11:32 AM, 23 December

ကမ္ဘာ့ဖလားဆုရှင် မက်ဆီနှင့် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့အပေါ် ဘန်လေတိုက်စစ်မှုး ဝက်ဒ်ဟော့စ်က နောက်ထပ် ပြောဆိုလိုက်ပါတယ်။

ဘက်ဆစ်တက်မှာ အငှားသွားရောက်ကစားနေတဲ့ နယ်သာလန်နိုင်ငံသားဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီအထိရောက်ရှိသွားအောင် အသင်းအတွက် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

 ၁၀၁ မိနစ်မှာ သွင်းယူခဲ့တဲ့ သူ့ရဲ့သရေကျစေမယ့်ဂိုးကြောင့် နယ်သာလန်ဟာ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်သွားခဲ့ရတာဖြစ်ပြီး ဗန်ဒိုက်နှင့် စတီဗင်ဘာဟူးစ်တို့က လွဲချော်ခဲ့ကြတာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရတာဖြစ်ပါတယ်။

 ဝက်ဒ်ဟော့စ်ဟာ မက်ဆီ၊ အာဂျင်တီးနားကစားသမားဟောင်း အဂူရိုတို့နှင့် ဥမျှင်ထဲမှာ စကားများခဲ့ပြီး အင်တာဗျူးမှာတော့ မက်ဆီဟာ ဝက်ဒ်ဂေါ့ကို နောက်ထပ် ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားအတွက် သူတို့တွေရဲ့ စကားများခဲ့ပေမယ့် မက်ဆီအပေါ် လေးစားမှုကိုလည်း ဝက်ဒ်ဟော့စ်က ပြသခဲ့တာဖြစ်ပါတယ်။ စကားများ ရန်ဖြစ်ကြတယ်ဆိုတာက ပွဲအပြီးနောက်ဆက်တွဲပြဿနာဖြစ်သော်လည်း ကာတာရှိ အတွေ့အကြုံတစ်ခုလုံးကိုတော့ ဝက်ဒ်ဟော့စ်တစ်ယောက်က အမြဲအမှတ်ရနေမှာပါ။ 

"ကျွန်တော်ဆိုလိုတာက အမြဲတမ်း တွေ့ကြုံလာရတာတွေအပေါ် ယှဉ်ပြိုင်နေတာပါ။ အဲ့ဒီပွဲမှာလည်း ပုံမှန်ပဲ လုပ်ခဲ့တာပါ။ မက်ဆီနဲ့ စကားများခဲ့တာလေးတွေရှိပါတယ်။ အဲ့ဒီအချိန်မှာ သူက တော်တော်လေးကို အံ့ဩနေခဲ့ပါတယ်။"

"ကျွန်တော်ကလည်း တခြားသူတွေကို စကားအများကြီးမပြောတက်ပါဘူး။ သူကိုလည်း အများကြီးလေးစားမိတာက အမှန်ပါ။ သူဟာ ဘောလုံးသမိုင်းကြောင်းမှာ ကြီးကျယ်ခမ်းနားဆုံး ကစားသမားတစ်ဦးပါ"

"ပွဲအပြီးနောက် အဲ့ဒီလေးစားမှုကို သူ့ကိုပြသချင်ခဲ့တာပါ။ သူက အဲ့ဒီလိုဖြစ်အောင် လမ်းဖွင့်မပေးခဲ့ပါဘူး၊ ကျွန်တော့်ကို နည်းနည်းလေးလောက် စိတ်ဆိုးနေတာပါ။ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ အမြတ်ပါပဲ။"

"အခုတော့ သူက ကျွန်တော့်ရဲ့နာမည်ကို ကောင်းကောင်းကြီးမှတ်မိသွားပါပြီ။ ကမ္ဘာ့ဖလားကတော့ ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံး ရက်သတ္တပတ် ၃ ပတ်ပါပဲ။ ဒီလိုအခွင့်အရေးကို ရရှိခဲ့တဲ့အတွက်လည်း ပျော်ရွင်မိပါတယ်"

"ဒါကို ကလေးဘဝကတည်းက အိပ်မက်မက်ခဲ့တာပါ။ ကောင်းမွန်တဲ့အတွေ့အကြုံလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဆိုတာက ဘယ်လိုလဲဆိုတာကုဲသိချင်ခဲ့တာပါ။ ပင်နယ်တီအကြောင်းကိုတွေးလိုက်မယ်ဆိုရင် ကျွန်တော့်ခေါင်းထဲမှာ အမြဲရှိနေမှာပါ။"

"အရိုးသားဆုံးပြောရရင် ဘယ်သူ ကမ္ဘာ့ဖလားရရ ကျွန်တော် ဂရုစိုက်မှာမဟုတ်ပါဘူး" လို့ ဝက်ဒ်ဂေါ့က ပြောပါတယ်။

#နယ်သာလန် #အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား ဝက်ဒ်ဟော့စ်