ရှေ့သို့
Image

အမေ့ခံကစားသမား ဝမ်ဘစ်ဆာကာရဲ့ ဘန်လေနဲ့ပွဲက ခြေစွမ်းကို ပရိသတ်များချီးကျူး

4:12 PM, 22 December

ဘန်လေကို အနိုင်ရရှိခဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ပါးနပ်တဲ့ ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အမေ့လျော့ခံ ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာက်ု ဆိုရှယ်မီဒီယာကနေ ချီးကျူးခဲ့ကြပါတယ်။


 ဝမ်ဘစ်ဆာကာဟာ ဒီရာသီနည်းပြအဲရစ်တန်ဟတ်ရဲ့ လူစာရင်းထဲကို ဒုတိယအကြိမ်မြောက် ပါဝင်ခွင့်ရတာဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်ခင် အချိန်ထိ တောက်လျှောက် အမေ့လျှော့ခံ ကစားသမားတစ်ဦး ဖြစ်နေခဲ့ပါတယ်။


ဝမ်ဘစ်ဆာကာတစ်‌ယောက် ပြီးခဲ့တဲ့လတွေအတွင်း ပွဲထွက်ခွင့်မရခဲ့ပေမယ့် ပြန်လည်ပါဝင်ခွင့် ရရှိချိန်မှာတော့ ခရစ္စတီယန်အဲရစ်ဆင်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နည်းပြတန်ဟတ်အတွက်တော့ ဝမ်ဘစ်ဆာကာရဲ့ သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။


ပွဲပြီးဆုံးချိန်မှာတော့ ပရိသတ်တွေက ဝမ်ဘစ်ဆာကာကို ဆိုရှယ်မီဒီယာကနေ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တစ်ယောက်က " ဝမ်ဘစ်ဆာကာက ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူဆိုတာ သံသယရှိစရာမလိုဘူး " လို့ပြောခဲ့သလို့ နောက်တစ်ယောက်ကလည်း " ဝမ်ဘစ်ဆာကာ ပြန်လာပြီ " ဆိုပြီး ချီးကျူးခဲ့ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ " အဲရစ်ဆင်ရဲ့ဂိုးကို လုပ်ပေးသွားတာ အရမ်းမိုက်တယ်။ သူကအကောင်းဆုံး ညာနောက်ခံလူတစ်ယောက်ပဲ " ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #ကာရာဘောင်ဖလား #ဝမ်ဘစ်ဆာကာ