ရှေ့သို့
Image

ကင်ဆာကသက်သာလာပြီးနောက် ခရစ္စမတ်ကာလကို ဆေးရုံမှာပဲ ဖြတ်သန်းမယ့် ပီလီ

1:34 PM, 22 December

ပီလီရဲ့ကင်ဆာရောဂါဟာ ပိုမိုသက်သာတဲ့ အနေအထားကို ရောက်ရှိလာပြီးနောက် ခရစ္စမတ်ကာလကို ဆေးရုံမှာပဲ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ 

ကမ္ဘာ့ဖလား ၃ ကြိမ်ရ ဂန္တဝင်ကစားသမားကြီးဟာ လွန်ခဲ့တဲ့ ၃ ပတ်လုံးကို ဆော််‌ပေါ်လိုရှိ အစ္စရေလီတာအဲလ်ဘတ်အိုင်းစ်တိုင်း ဆေးရုံမှာသာ နေခဲ့ရပါတယ်။ ပီလီဟာ အူမကြီးကင်ဆာကြောင့် ၂၀၂၁ အတွင်းမှာ ဆေးကုသမှုခံယူခဲ့ရသလို အဲ့ဒီနှစ်ထဲမှာတင် အကျိတ်ခွဲစိတ်မှုလည်း ပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ပုံမှန်ဆေးကုသမှုတွေ ခံယူခဲ့ရပါတယ်။


၈၂ နှစ်အရွယ် ကစားသမားဟောင်းကြီးရဲ့ သမီးကယ်လီနာဆီမန်တိုက သူမရဲ့ဖခင်ဟာ ခရစ္စမတ်ကာလကို ဆေးရုံမှာပဲဖြတ်သန်းမှာ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာကနေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ကယ်လီက သူမရဲ့အင်စတာဂရမ်မှာ " ကျွန်မတို့မိသားစုခရစ္စမတ်ပွဲကတော့ ဖျက်လိုက်ရပါပြီ။ 

ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဒီမှာပဲဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။


အိုင်းစတိုင်းဆေးရုံက မိသားစုဝင်တွေကလည်း အများကြီး ဂရုစိုက်ပေးကြပါတယ်။ သူ့ကိုချစ်တဲ့သူတွေအနေနဲ့လည်း သူ့အတွက်ဆုတောင်းပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိပါတယ် " လို့ရေးသားခဲ့ပါတယ်။


ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာတော့ " အက်ဒ်ဆန်အာရန်တက်စ်ဒို နာဆီမန်တို (ပီလီ) အူသိမ်အူမကင်ဆာရောဂါအတွက် ကျွန်တော်တို့ အထူးကျပ်မှတ်ကုသပေးနေပါတယ်။ လူနာက ပိတ်ရက်ကာလကိုလည ဆေးရုံက ကုသမှုအဖွဲ့ရဲ့ ဂရုစိုက်မှုနဲ့အတူ ဆေးရုံမှာပဲ နေမှာပါ " လို့ ‌ရေးသားထားပါတယ်။ 


#ပီလီ #ဘရာဇီး