ရှေ့သို့
Image

ကိုဒီဂတ်ပိုကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်

1:51 PM, 21 December

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဗွီတိုက်စစ်မှူး ကိုဒီဂတ်ပိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။ ၂၃ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း နိုင်ငံရော၊ ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဂတ်ပိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဗွီအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲကစားပြီးနောက် သွင်းဂိုး ၂၁ ဂိုး၊ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဒီရာသီမှာလည်း ၂၄ ပွဲ ကစားပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။ ဂက်ပိုဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာလည်း နယ်သာလန်နဲ့အတူ တောက်ပခဲ့ပြီး ဆီနီဂေါ၊ အီကွေဒေါ၊ ကာတာတို့နဲ့ အုပ်စုအဆင့် ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုဆိုရင် ခရစ္စတီယာနိုရော်နယ်ဒိုကလည်း အသင်းကနေ ထွက်ခွာသွားပြီဖြစ်လို့ ယူနိုက်တက်အနေနဲ့ အစားထိုးဖို့ တိုက်စစ်မှူးရှာဖွေနေပြီး ဂက်ပိုက နည်းပြအဲရစ်တန်ဟတ်ရဲ့ ပစ်မှတ် ၄ ယောက်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

ဘင်ဖီကာက ဂွန်ကာလိုရာမို့စ်၊ အေစီမီလန်က ရာဖေးလ်လီယာအိုနဲ့ အက်သလက်တီကိုမက်ဒရစ်က ဂျာအိုဖီးလစ်တို့က ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲက ကစားသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် သတင်းတွေအရတော့ ယူနိုက်တက်ကဟာ ဂက်ပိုကို ဇန်နဝါရီမှာတည်းက ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ နည်းပြတန်ဟတ်ကလည်း အမြန်ဆုံးခေါ်ယူဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဂက်ပိုရဲ့ အပြောင်းအရွှေ့အတွက် ပီအက်စ်ဗွီကို ဆက်သွယ်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်နေပြီး လိဒ်ယူနိုက်တက်၊ ဆောက်သမ်တန်၊ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ပီအက်စ်ဗွီ #ဂတ်ပို