ရှေ့သို့
Image

ပင်နယ်တီ အနိုင်ဂိုးဝင်ဖို့ မာရာဒိုနာထံ ဆုတောင်းခဲ့တဲ့ မက်ဆီ

3:50 PM, 20 December

အာဂျင်တီးနားအသင်းနဲ့ ပြင်သစ် အသင်းတို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပင်နယ်တီ အဆုံးအဖြတ်ကို ဂွန်ဇိုလာမွန်တီရယ် ကန်သွင်းခါနီးမှာ မက်ဆီဟာ ကောင်းကင်ကို မော့ကြည့်ပြီး မာရာဒိုနာထံကို ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

အစီရင်ခံစာတွေအရ မက်ဆီဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားခဲ့တဲ့ မာရာဒိုနာထံ ပင်နယ်တီနိုင်ဖို့ ဆုတောင်းခဲ့တာလို့ ဆိုပါတယ်။ သတင်းထောက် ရိုမီနာ ဆက်ချာရဲ့ အဆိုအရ မက်ဆီဟာ မွန်တီရယ် ဂိုးသွင်းယူမယ့် အချိန်မှာ ပါးစပ်ကနေ

"လုပ်စမ်းပါ ဒီယေဂို ဒီကောင့်ဂိုးကို ဝင်အောင် ကူညီပေးလိုက်စမ်းပါ"လို့ ပြောနေခဲ့တယ်လို့ ဆိုပါတယ်။ အာဂျင်တီးနားအသင်းဟာ ထိုပွဲမှာ မက်ဆီနဲ့ ဒီမာရီယာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ထို့ကြောင့် ပြင်သစ်အသင်းကို ပွဲချိန်အတွင်း အနိုင်ရမယ်လို့ မျှော်လင့်ခဲ့ရပေမယ့် အမ်ဘာပေရဲ့ သွင်းဂိုး ၂ ဂိုး ပြိုင်ပွဲကို အချိန်ပို အထိရောက်ရှိစေခဲ့ပါတယ်။

အချိန်ပိုမှာလည်း မက်ဆီနဲ့ ဘာပေတို့ဟာ သွင်းဂိုး တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် မာရာဒိုနာနဲ့ နှိုင်းယှဉ် ခံခဲ့ရသူပါ။  အခုအချိန်မှာတော့ သူဟာ မာရာဒိုနာလိုမျိုး ကမ္ဘာ့ဖလားကို ကိုင်မြောက်နိုင်ခဲ့ပါပြီ။  မာရာဒိုနာကလည်း ၁၉၈၆ ခုနှစ်မှာ အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တာပါ။

#မာရာဒိုနာ #အာဂျင်တီးနား #ပြင်သစ် #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား