ရှေ့သို့
Image

ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီရဲ့ စွမ်းဆောင်ရည်ကြောင့် မာရာဒိုနာ ကျေနပ်နေမှာပါလို့ ဆိုလိုက်တဲ့ ပီလီ

3:29 PM, 19 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ပြိုင်ပွဲမတိုင်မီ ရေးပန်းစားမှုနံပါတ် ၁ဖြစ်ခဲ့တဲ့ အာဂျင်တီးနား အသင်းကပဲ ပြင်သစ်အသင်းကို ပင်နယ်တီ ကန်သွင်းရာမှာ အနိုင်ရယူပြီး တတိယအကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ တောင်အမေရိကအသင်း တစ်သင်းဖြစ်တဲ့ ဘရာဇီးအသင်းရဲ့ ဂန္ဓဝင်ကစားသမားဖြစ်သူ ပီလီ က ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့ အာဂျင်တီးနားအသင်းရဲ့ ဝါရင့်တိုက်စစ်မှုး မက်ဆီကို ချီကျူးစကားဆိုရင်း ဂန္ဓဝင်တိုက်စစ်မှုးကြီးဖြစ်ခဲ့သူ မာရာဒိုနာအနေဖြင့် အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့် ပြန်လည် ရရှိခဲ့တဲ့အပေါ် အားရကျေနပ်လျှက်ရှိမှာဖြစ်တဲ့အကြောင်း ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီးဖြစ်သူ မာရာဒိုနာအနေဖြင့် ၁၉၈၆ခုနှစ် မက္ကစီကို နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်နိုင်ရန်အတွက် အဓိက ကူညီစွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အသက် ၆၀အရွယ်မှာကွယ်လွန်ခဲ့တာကြောင့် လီယွန်မက်စီရဲ့ ကမ္ဘာ့ဖလားဆွတ်ခူးတဲ့ ပုံရိပ်တွေကို မြင်တွေ့ရခြင်း မရှိပေမဲ့ အသက် ၃၅နှစ်အရွယ်မက်ဆီအနေဖြင့် မာရာဒိုနာကွယ်လွန်အပြီး ၂နှစ်ခန့်အကြာမှာ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးဂန္ဓဝင် အသက် ၈၂နှစ်အရွယ်ပီလီအနေဖြင့် မက်ဆီကို ချီးကျူးပြောဆိုရုံတင်မကဘဲ ပြင်သစ်အသင်းနဲ့အတူ တောက်ပတဲ့ စွမ်းဆောင်ရည်အချို့ကို ပြသကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာပဲ ပင်နယ်တီသွင်းဂိုး ၂ဂိုးပါအဝင် ခန္ဓာကိုယ်ယိမ်းနွဲ့ကာ လှပတဲ့ ကန်ချက်နဲ့အတူ သွင်းဂိုး ၁ဂိုးနဲ့အတူ ပြင်သစ်အသင်း အတွက် သွင်းဂိုး ၃ဂိုးစလုံးကို သွင်းယူပြီး ဟက်ထရစ်ရယူနိုင်ခဲ့သလို ကမ္ဘာ့ဖလားဗိုလ်လုပွဲ သမိုင်းတစ်လျှာက် ၁၉၈၆ခုနှစ်က အနောက်ဂျာမနီဘက်ကို ဟက်ထရစ်သွင်းယူခဲ့တဲ့ အင်္ဂလန်ကစားသမား ဂျော့ဟက်စ်အပြီးမှာ ဒုတိယမြောက်ဟက်ထရစ်သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ မက်ပီကိုလည်း ချီးကျူးစကားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အင်စတာဂရမ်စာမျက်နှာအထက်မှာ ပီလီက“ဂုဏ်ပြုပါတယ် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းရေ။ ဒီယေဂိုမာရာဒိုနာကတော့ သေချာပေါက် ပြုံးပျော်နေမှာပါ” “မက်ဆီအတွက်လည်း သူ့နဲ့ ထိုက်တန်မှု ရှိတဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခွင့်ရလိုက်ပါပြီ” “အခြားတစ်ဖက်မှာ မက်ပီကလည်း ကမ္ဘာ့ဖလားဖိုင်နယ်မှာ ၄ဂိုးအထိ စုစုပေါင်း သွင်းယူလိုက်နိုင်တာကြောင့် အနာဂတ်ဘောလုံးလောက အတွက် ကြီးမားတဲ့ လက်ဆောင်တစ်ခုလို ဖြစ်စေမှာပါ” “ပြီးတော့ အာဖရိကတိုက်ကနေ ထွန်းတောက်လာတဲ့ မော်ရိုကိုအသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း အသိအမှတ်မပြုလို့ မဖြစ်နိုင်ပါဘူး” လို့ရေးသား ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မာရာဒိုနာ #ပီလီ #အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား