ကမ္ဘာ့ဖလားရတာက Sex လောက်မကောင်းဘူးလို့ အာဆင်နယ်ဂန္ထဝင် ပီတစ်ပြောကြား
1:31 PM, 19 December
ပြင်သစ်အိုင်ကွန် အီမန်နျူရယ် ပီတစ်ကတော့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဂိုးသွင်းရတာထက် Sex က ပိုကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဂန္ထဝင်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဘရာဇီးကို ၃ ဂိုးပြတ် အနိုင်ရရှိတုန်းက ပြင်သစ်အတွက် တတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပီတစ်က အချိန်ပိုမှာ တတိယမြောက်ဂိုးမသွင်းခင် ဇီဒန်းက ပြင်သစ်အတွက် ပထမပိုင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ၅၂ နှစ်သားက ဖိုင်နယ်သွင်းဂိုးထက် Sex က ပိုကောင်းတယ်လို့ ဟာသလုပ်ပြောကြားခဲ့ပါတယ်။
“ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဂိုးသွင်းတာက Sex ထက်ပိုကောင်းလား။ ကောင်းပြီ ဒီကမ္ဘာပေါ်မှာက ကျွန်တော်တို့ ဘောလုံးကစားဖို့ ထောက်ခံမှုမပေးပေမယ့် Sex ကိုတော့ ထောက်ခံပါတယ်။ ကမ္ဘာ့ဖလားဂိုးသွင်းဖို့ ကြိုးစားချိန်မှာ ကျွန်တော့်သမီးမွေးတဲ့ခံစားချက်နဲ့အတူတူပါပဲ။ ကျွန်တော် မှန်ကန်တဲ့နေရာကို ရောက်လို့ ဂုဏ်ယူမိသလို တစ်စုံတခုကို အမှတ်ရအောင်လုပ်နိုင်လို့ ဂုဏ်ယူမိပါတယ်။ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းရတာက အထူးသဖြင့်ဖိုင်နယ်လိုပွဲမျိုးမှာ ဂိုးသွင်းရတာက ကျွန်တော့်ဘဝကိုပြောင်းလဲစေပါတယ်”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။
ပီတစ်ဟာ ဘရာဇီးနဲ့ပွဲမှာ ပြင်သစ်အတွက် ဒုတိယမြောက် နိုင်ငံတကာသွင်းဂိုး ရယူနိုင်ခဲ့တာဖြစ်ပြီး ပထမပွဲအဖြစ် ဒိန်းမတ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။