ရှေ့သို့
Image

အာဂျင်တီးနားနဲ့ပြင်သစ်လိုပဲ ကမ္ဘာ့ဖလားဖိုင်နယ်ထုတ်လွှင့်မှုမှာလည်း အပြိုင်ဖြစ်နေတဲ့ BBC နဲ့ ITV

8:59 PM, 18 December

အာဂျင်တီးနားရဲ့ မက်ဆီနဲ့ ပြင်သစ်ရဲ့ မက်ပီတို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်သလို ဒီပွဲကို ပြသထုတ်လွှင့်မယ့် BBC နဲ့ ITV ရုပ်သံတို့ကြားက ပြိုင်ဆိုင်မှုကလည်း တော်တော်လေး ကြီးမားလာခဲ့ပါတယ်။ 

ယူကေရဲ့ အင်အားအကြီးဆုံး ရုပ်သံလိုင်းနှစ်ခုဟာ လက်ရှိအချိန်ထိ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို ထုတ်လွှင့်ခွင့် ရရှိခဲ့ကြပြီး ကြည့်ရှုသူတွေက ပွဲကြီးပွဲကောင်းတွေကို ကြည့်ရှုဖို့အတွက် ချန်နယ်တွေကို စိတ်ကြိုက်ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ပွဲက ညနေ ၃ နာရီ (ဗြိတိန်စံတော်ချိန်) မှာ စတင်မှာဖြစ်ပြီး ITV က နေ့လည် ၁ နာရီခွဲကတည်းက ထုတ်လွှင့်ပြီး BBC ကတော့ မိနစ် ၂၀ နောက်ကျပြီး (၁ နာရီ ၅၀ မိနစ်) မှာ ထုတ်လွှင့်ပါတယ်။ 

BBC ရဲ့ သုံးသပ်သူအဖွဲ့ A-team ကတော့ ဂယ်ရီလိုင်နီကာက တင်ဆက်သူအဖြစ် တာဝန်ယူပြီး အလန်ရှီးယား၊ ရီယိုဖာဒီနန်နဲ့ အာဂျင်တီးနားကစားသမားဟောင်း ပါဘလိုဇာဘလက်တာတို့က တွဲဖက်တွေအဖြစ် ပါဝင်နေပါတယ်။ BBC ရဲ့ ပွဲအတွင်း တင်ဆက်သူတွေအဖြစ်တော့ ဂိုင်းမော်ဘရေးနဲ့ ဂျာမိန်းဂျီးနက်စ်တို့က တာဝန်ယူပြီး တစ်ဖက်က ITV မှာတော့ ဆမ်မတ်တာဖေ့စ်နဲ့ လီဒီဇွန်တို့က တာဝန်ယူထားပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတော့ BBC က ပရိသတ် ၈.၆ သန်းနဲ့ ၂.၉ သန်းသာ ရှိခဲ့တဲ့ ITV ကို အပြတ်အသတ် နိုင်ခဲ့ပါတယ်။

#အာဂျင်တီးနား #ကာတာကမ္ဘာ့ဖလား