ရှေ့သို့

အသင်းဖော် မက်ပီရဲ့ပြင်သစ်ကို ကျော်ဖြတ်ပြီး မက်ဆီတစ်ယောက် ကမ္ဘာ့ဖလားမှာ သမိုင်းသစ်ရေးထိုးနိုင်မလား..

5:54 PM, 18 December

တစ်လနီးပါး ပရိသတ်တွေ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ နောက်ဆုံးနေ့ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်ကြတဲ့ မက်ဆီရဲ့ အာဂျင်တီးနားနဲ့ မက်ပီရဲ့ ပြင်သစ်တို့ ထိပ်တိုက်တွေ့နေတဲ့ပွဲစဉ်ဖြစ်သလို ၂ဦးစလုံးကလည်း ရွှေဘောလုံးဆုနဲ့ ရွှေဖိနပ်ဆုတွေအတွက် အပြိုင်ဖြစ်နေလို့ ယနေ့ညပွဲစဉ်က တကယ်ကို စိတ်လှုပ်ရှားစရာကောင်းမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ည၉း၃၀အချိန်မှာတော့ အသင်းကြီးနှစ်သင်း ရေကုန်ရေခမ်းကစားကြမယ့်ပွဲစဉ်ကို ပရိသတ်တွေအနေနဲ့ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲအကြောင်းကို ဘောလုံးစတားအယ်ဒီတာတွေက ကမ္ဘာ့ဖလားပွဲကြိုခန့်မှန်းချက်ရဲ့ နောက်ဆုံးအစီအစဉ်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။


ကမ္ဘာ့ဖလားဗိုလ်လုပွဲ

----------------------

အာဂျင်တီးနား - ပြင်သစ် (ည ၉း၃၀)

#အာဂျင်တီးနား #ပြင်သစ် #၂၀၂၂ကမ္ဘာ့ဖလား