ရှေ့သို့
Image

၂၀၂၅ ကစပြီးကလပ်ကမ္ဘာ့ဖလားကို ၃၂ သင်းနဲ့ ပြောင်းလဲကျင်းပမယ်လို့ ဖီဖာ အတည်ပြု

10:11 AM, 17 December

လာမယ့် ၂၀၂၅ ကစပြီး ကလပ်ကမ္ဘာ့ဖလားကို ၃၂ သင်းနဲ့ ပြောင်းလဲကျင်းပမယ်လို့ သောကြာနေ့တုန်းက ဖီဖာက အတည်ပြုလိုက်ပါတယ်။ “အမျိုးသားဘောလုံးအတွက် ဖီဖာကလပ်ကမ္ဘာ့ဖလားကို ၃၂ သင်းနဲ့ ၂၀၂၅ ဇွန်လမှာ ပြောင်းလဲကျင်းပမှာပါ”လို့ ဖီဖာက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်ကတည်းက ဖီဖာကလပ်ကမ္ဘာ့ဖလားကို ဘောလုံးအဖွဲ့ချုပ် ၆ ခုထဲက အသင်း ၆ သင်း ဒါမှမဟုတ် ၇ သင်းနဲ့ စတင်ကစားခဲ့တာဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားကို အိမ်ရှင်ချန်ပီယံနိုင်ငံအပြင် အာရှ ၊ အာဖရိက၊ မြောက်နဲ့ အလယ်အမေရိက၊ တောင်အမေရိက၊ သမုဒ္ဒရာဇုန် နဲ့ ဥရောပဇုန်က ကစားသမားတွေ ပါဝင်ကစားကြတာဖြစ်ပါတယ်။

လက်ရှိ ၂၀၂၁ ချန်ပီယံကတော့ ချဲလ်ဆီး အသင်းဖြစ်ပြီး ရီးရဲလ်ကတော့ ကလပ်ကမ္ဘာ့ဖလား ၄ ကြိမ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ မော်ရိုကိုက ၂၀၂၂ အစား ၂၀၂၃ ဖေဖော်ဝါရီမှာ ကျင်းပမှာဖြစ်ပါတယ်။

#ဖီဖာ #ဖီဖာကလပ်ကမ္ဘာ့ဖလား