ရှေ့သို့
Image

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂတ်ပိုကို ယူရို သန်း၅၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

9:03 AM, 17 December

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဗွီတောင်ပံကစားသမား ကိုဒီဂတ်ပိုကို ယူရိုသန်း၅၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ကမ္ဘာ့လားမှာ သုံးဂိုးအထိ သွင်းထားခဲ့တဲ့ ဂတ်ပိုကို ယူနိုက်တက်က စာချုပ်ဖျက်သိမ်းလိုက်တဲ့ ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးလိုနေတာ ဖြစ်ပါတယ်။ နည်းပြ တန်ဟတ်ကလည်း ဆောင်းရာသီအတွင်း တိုက်စစ်ကစားသမား ဖြည့်တင်းဖို့ ဦးစားပေးထားသလို ဘုတ်အဖွဲ့ကလည်း အဆိုပါအချက်ကို ထောက်ခံပေးထားတာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်ပါတယ်။

တန်ဟတ်က “ကျွန်တော်တို့ ဇန်နဝါရီမှာ တိုက်စစ်ကစားသမား ခေါ်ယူချင်ပါတယ်။ ဒါပေမယ့် အသင်းအတွက် မှန်ကန်တဲ့ကစားသမားဖြစ်မှပါ။ ကျွန်တော်တို့ ပါဝါကို အစွမ်းကုန်သုံးပြီး ဒါကို လုပ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဂတ်ပိုကလည်း ပြီးခဲ့တဲ့နွေရာသီက အင်္ဂလန်ကို ပြောင်းလာဖို့ နီးစပ်ခဲ့ပေမယ့် ဖြစ်မလာတဲ့အကြောင်းကို ပြောပြထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နွေရာသီက အန်တိုနီကို ပေါင် ၈၅သန်းပေးကာ ခေါ်ယူခဲ့ပြီး အဆိုပါအချိန်အတွင်း ဂတ်ပိုက ဦးစားပေးပစ်မှတ်မဟုတ်ခဲ့ပေမယ့် ရော်နယ်ဒို မရှိတော့တဲ့အခြေအနေမှာ တန်ဟက်က ပေါက်ကွဲအားကောင်းတဲ့ တိုက်စစ်မှူးလိုအပ်တာကြောင့် နယ်သာလန်သားကို ခေါ်ယူရေး အရှိန်မြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ပီအက်စ်ဗွီ #တန်ဟတ် #ဂတ်ပို