ရှေ့သို့
Image

မက်ဆီရဲ့ ခြေစွမ်းက ပြင်သစ်အသင်းအတွက် ခြောက်ခြားစရာ မဟုတ်ဘူးလို့ ထုတ်ပြောလိုက်တဲ့ သီယိုဟာနန်ဒက်ဇ်

4:01 PM, 15 December

လာမယ့်တနင်္ဂနွေနေ့၊ အာဂျင်တီးနား ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပြင်သစ်အသင်းဟာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ပြိုင်ဘက်တိုက်စစ်မှူးမက်ဆီရဲ့ ခြေစွမ်းပိုင်းက အသင်းအတွက် ခြောက်ခြားမှုတွေဖြစ်စေမှာ မဟုတ်ဘူးလို့ ပြင်သစ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်က ထုတ်ပြောလိုက်ပါတယ်။

မနေ့ညပိုင်း၊ မော်ရိုကို ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဒက်ချမ့်စ်ရဲ့အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး ၁၉၆၂ခုနှစ်၊ ဘရာဇီးနောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်နိုင်မယ့် လက်ရှိချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ဖို့ အခွင့်အရေးရရှိလာပါတယ်။ ဗိုလ်လုပွဲမှာ ပြင်သစ်က ကမ္ဘာ့ဖလားချန်ပီယံဆုကို ကစားသမားဘ၀ ပထမဆုံးအကြိ မ် ရရှိလိုနေတဲ့ မက်ဆီ ဦးဆောင်မယ့် အာဂျင်တီးနားနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပေမယ့် ဒက်စ်ချမ့်ရဲ့ အသင်းအပေါ် မက်ဆီရဲ့လက်ရှိခြေစွမ်းပိုင်းက ခြောက်ခြားမှုတွေ မဖြစ်စေဘူးလို့ သီယိုဟာနန်ဒက်ဇ်က ဆိုလိုက်ပါတယ်။

အီတလီအခြေစိုက် RAI Sport သတင်းဌာနနဲ့တွေ့ဆုံချိန် သီယိုဟာနန်ဒက်ဇ်က “ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် ကစားရတာ တကယ့်ကို မယုံနိုင်စရာအခိုက်အတန့်တစ်ခုပါ။ ကျွန်တော်တို့ဟာ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒီအလုပ်က တကယ်ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဗိုလ်လုပွဲရောက်နေပါပြီ။ ဗိုလ်လုပွဲမှာလည်း အနိုင်ရဖို့ ကျွန်တော်တို့ အလုပ်တွေ ကြိုးစားလုပ်ရပါလိမ့်မယ်။ အခုတော့ ကျွန်တော်တို့  ဗိုလ်လုပွဲအကြောင်းပဲ စဉ်းစားရပါတော့မယ်။ ကျွန်တော် အရမ်းပင်ပန်းနေပြီဆိုပေမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်တစ်ခုကို အနိုင်ယူခဲ့တာ ပျော်ရွှင်မိပါတယ်။ အခုကတော့ လာမယ့်တနင်္ဂနွေနေ့ပွဲစဉ်အတွက် အားဖြည့်ထားဖို့ပဲ ဖြစ်ပါတယ်။ မက်ဆီက ကျွန်တော်တို့အသင်းအပေါ် ခြောက်ခြားစေမှာ မဟုတ်ဘူး။ အာဂျင်တီးနားက တကယ်ကောင်းမွန်တဲ့ အသင်းဆိုပေမယ့် ကျွန်တော်တို့မှာ အလုပ်တွေလုပ်ဖို့ ရက်အနည်းငယ်လောက် အချိန်ရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

#အာဂျင်တီးနား #ပြင်သစ် #မက်ဆီ #ဟာနန်ဒက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား