ရှေ့သို့
Image

မော်ရိုကိုကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားဖိုင်နယ်ကို ၂ ကြိမ်ဆက် တက်ရောက်သွားတဲ့ ပြင်သစ် (ပွဲပြီး)

5:49 AM, 15 December

ပြင်သစ် ၂ - ၀ မော်ရိုကို
သီယိုဟာနန်ဒက်ဇ် (၅ မိနစ်)
ကိုလိုမူအာနီ (၇၉ မိနစ်)
- ပြင်သစ်အသင်းအတွက်တော့ ဒါက ၂၀၀၂ တုန်းက ဘရာဇီးနောက်ပိုင်း ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တက်နိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်းဖြစ်ခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့မှာ အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
- ပွဲချိန်အစောပိုင်းကတည်း သီယိုဟာနန်ဒက်ဇ်ရဲ့ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့သလို မက်ပီဂရစ်ဇ်မန်းတို့ရဲ့ ဂိုးတွေလည်း ရရှိဖို့နီးစပ်ခဲ့ပါတယ်။ ခံစစ်ကောင်းတဲ့ မော်ရိုကိုကလည်း ခံစစ် ၅ ယောက်နဲ့ ပွဲထွက်လာခဲ့ပြီး ပြင်သစ်တိုက်စစ်ကိုတော့ အကောင်းဆုံးကာကွယ်ခဲ့ပေမယ့် လူစားဝင်ကစားသမား ကိုလိုမူအာနီရဲ့ လူစားဝင်ပြီးနောက် အမြန်ဆုံးသွင်းယူခဲ့တဲ့ ဂိုးကြောင့်အရေးနိမ့်ခဲ့ရပါတယ်။ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်မှာ ဟမ်ဒါလာရဲ့ ကန်ချက်ကနေ ချေပဂိုးတစ်ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ကွန်ဒီ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သွားတာကြောင့် ၂-၀ နဲ့ပဲ ပွဲပြီးခဲ့ပြီး ပြင်သစ်တို့ ဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တက်ရောက်သွားခဲ့ပါတယ်။
#ကာတာကမ္ဘာ့ဖလား