ရှေ့သို့

ကာတာကမ္ဘာ့ဖလားရဲ့ ခံစစ်အကောင်းဆုံး မော်ရိုကို ကိုလက်ရှိချန်ပီယံ ပြင်သစ်တို့ ကျော်ဖြတ်နိုင်ပါ့မလား

4:52 PM, 14 December

ယနေ့ည ၁ နာရီခွဲမှာတော့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။ မနေ့ညကတော့ အာဂျင်တီးနားက မက်ဆီနဲ့အယ်ဗာရက်ဇ်တို့ရဲ့ အမိုက်စားခြေစွမ်းနဲ့ ခရိုအေရှားကို ကျော်ဖြတ်ကာ ဖိုင်နယ်မှာစောင့်နေပြီ ဖြစ်ပါတယ်။ ယနေ့ညပွဲမှာ အနိုင်ရရှိသူတဲ့အသင်းက မက်ဆီရဲ့ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် ယနေ့ညထိပ်တိုက်တွေ့နေတဲ့ နှစ်သင်းမှာ ပြင်သစ်ကတော့ လက်ရှိချန်ပီယံဖြစ်ပြီး မော်ရိုကိုကတော့ ဒီနှစ်ကာတာကမ္ဘာ့ဖလားမှာ ဖျက်မြင်းအသင်းကနေ ဆီမီးဖိုင်နယ်ထိ တက်လာတဲ့ အသင်းပါ။

မထင်မှတ်ထားတာတွေချည့်လုပ်ပြလာတဲ့ မော်ရိုကိုရဲ့အဓိကအားသာချက်က ခံစစ်ဖြစ်သလို ပြင်သစ်ကလည်း ဂျက်အင်ဂျင်တပ်ထားတဲ့ တောင်ပံတွေနဲ့ pressing ကစားတဲ့အသင်းဖြစ်လို့ ပွဲကတော့ ကြည့်ကောင်းနိုင်ပါတယ်။ ခံစစ်က အဓိကကစားသမား ၂ ယောက်နာနေတဲ့ မော်ရိုကိုကပဲ ထုံးစံအတိုင်း မယုံနိုင်စရာတွေလုပ်ပြသွားမလား၊ လက်ရှိချန်ပီယံပြင်သစ်ကပဲ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်သွားမလားဆိုတာ ဘောလုံးစတားရဲ့ ပွဲကြိုသုံးသပ်ချက် အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

 

#ပြင်သစ် #၂၀၂၂ကမ္ဘာ့ဖလား #မော်ရိုကို