ရှေ့သို့
Image

ဗိုလ်လုပွဲကစားဖို့ ထိုက်တန်တဲ့အသင်း တစ်သင်းဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောဆိုလိုက်တဲ့ အယ်လ်ဗာရက်ဇ်

3:08 PM, 14 December

ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်ပွဲစဉ် အဖြစ် အင်္ဂါနေ့၌ အာဂျင်တီးနားအသင်းနဲ့ ခရိုအေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အာဂျင်တီးနား အသင်းက ခရိုအေးရှား အသင်းကို ၃ - ၀ ရလဒ်ဖြင့် အနိုင်ရယူကာ ဗိုလ်လုပွဲစဉ်ကို တက်ရောက်သွားခဲ့အပြီးမှာ အာဂျင်တီးနားအသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဂျူလီယန်အယ်လ်ဗာရက်ဇ်က အာဂျင်တီးနားအသင်း အနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အထိ တက်လှမ်းလာနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ရန်အတွက် ဗိုလ်လုပွဲစဉ်ကစားဖို့ ထိုက်တန်တဲ့ အရည်အသွေးအပြည့်အဝရှိတဲ့အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းက ခရိုအေးရှား အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း အာဂျင်တီးနားအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ပင်နယ်တီမှတစ်ဆင့် မက်ဆီက အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့အပြီးတွင် ဂျူလီယန်အဲဗာရက်ဇ် တစ်ဦးတည်းက သွင်းဂိုး ၂ဂိုးအထိ သွင်းယူကာ အာဂျင်တီးနား အသင်းကို ဗိုလ်လုပွဲစဉ် ဝင်ရောက်ကစားခွင့်သေချာစေခဲ့သလို ကမ္ဘာ့တစ်ဝှမ်းမှ အာဂျင်တီးနားပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကစားဖို့ ထိုက်တန်တဲ့ အရည်အသွေးရှိတဲ့အကြောင်းကို သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေတဲ့ အယ်လ်ဗာရက်ဇ်က “ကျွန်တော်တစ်ယောက်တည်း အနေနဲ့ရော အာဂျင်တီးနား တစ်သင်းလုံးအနေနဲ့ပါ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကစားဖို့ ထိုက်တန်မှု ရှိပါတယ်။ ဒါက ကျွန်တော်တို့အသင်း တစ်ချိန်လုံးမျှော်လင့်ခဲ့ရတဲ့ အရာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ပွဲကြီးပွဲကောင်းတစ်ပွဲကို ဆင်နွှဲခွင့်ရတော့မှာပါ” “ယခုအနေအခြေအနေကို ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့အတွက် အာဂျင်တီးနားတစ်တိုင်းပြည်လုံးက ပျော်ရွှင်နေကြပါတယ်”လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အာဂျင်တီးနား #ခရိုအေးရှား #အဲလ်ဗာရက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား