ရှေ့သို့
Image

သူ့ရဲ့စံချိန်ကိုလိုက်ခဲ့တဲ့ နေမာထံသို့ စာပို့လိုက်တဲ့ ဘရာဇီးဂန္တဝင် ပီလီ

10:06 AM, 11 December

ဘရာဇီးရဲ့ အံ့ဩဖွယ်ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေထွက်ခဲ့ရတဲ့ပွဲမှာ သူ့ရဲ့သွင်းဂိုးစံချိန်ကိုလိုက်မီခဲ့တဲ့ နေမာထံသို့ ပီလီက အားပေးတဲ့ စာတစ်စောင်ပေးပို့လိုက်ပါတယ်။

ဆီမီးဖိုင်နယ်သို့ ရောက်ဖို့အတွက် ပင်နယ်တီအဆုံးအဖြတ်မခံယူမီ ခရိုအေးရှားဟာ ဘရာဇီးဘက်သို့ အချိန်ပိုရဲ့နောက်ဆုံးမိနစ်မှာ သရေကျစေမယ့်ဂိုးသွင်းကို သွင်းယူခဲ့ပါတယ်။

ခရိုအေးရှားနှင့်ပွဲမှာ အဖွင့်ဂိုးသွင်းယူပြီနောက် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပီလီသွင်းယူခဲ့တဲ့ ၇၇ ဂိုးကို နေမာက လိုက်မီခဲ့တာဖြစ်သော်လည်း အဆုံးအဖြတ်ပင်နယ်တီကို မသွင်းယူခဲ့တာကြောင့် ဝေဖန်ခြင်းခံနေရပါတယ်။

ယခုပြိုင်ပွဲဟာ နေမာရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ဖွယ်ရှိနေပြီး ပီလီကတော့ ပီအက်စ်ဂျီတိုက်စစ်မှုး နေမာနှင့် ဘရာဇီးအသင်းသားတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်းကို အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

"မင်းရဲ့ တိုးတက်အောင်မြင်တာကိုတွေ့ခဲ့ရပါတယ်။ နေ့တိုင်းကို အားပေးနေပြီး နောက်ဆုံးမှာတော့ ဘရာဇီးလက်ရွေးစင်အသင်းအတွက် သွင်းယူထားတဲ့ ငါ့ရဲ့သွင်းဂိုးစံချိန်ကို လိုက်မီသွားတာကြောင့် ဂုဏ်ယူမိပါတယ်လို့ ပြောချင်ပါတယ်"

"ဒါဟာ ကိန်းဂဏာန်းတစ်ခုထက်ပိုတယ်ဆိုတာ ငါတို့နှစ်ဦးစလုံးသိပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ ငါတို့ရဲ့အကြီးမားဆုံးတာဝန်က စိတ်ဓာတ်ခွန်အားပေးဖို့ပါ။"

"ယနေ့ခေတ် ငါတို့ရဲ့ ပရော်ဖက်ရှင်ကစားသမားတွေကို အတုယူစေရန်နှင့် နောက်ထပ်မျိုးဆက်သစ်တွေနဲ့ အားကစားကိုနှစ်သက်သူတိုင်းအဖို့ အတူယူစေရန်ပဲ ဖြစ်ပါတယ်"

"ကံမကောင်းစွာဘဲ ဒီနေ့က ငါတို့တွေ အပျော်ရွင်ဆုံးနေ့ရက် မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ မင်းက ကစားသမားတွေဖြစ်လာစေဖို့ အမြဲတမ်းကို စိတ်ဓာတ်ခွန်အားပေးတဲ့ သူဖြစ်နေရမှာပါ။"

"ငါဆိုတာကလည်း တို့ရဲ့ဂန္တဝင်ကစားသမားကြီးတွေထံကနေ သင်ယူလေ့လာခဲ့တာပါ။ ငါ့ရဲ့စံချိန်က လွန်ခဲ့တဲ့ နှစ် ၅၀ ကဖြစ်ပြီး ယခုအချိန်ထိ ဘယ်သူကမှလိုက်မီခြင်းမရှိသေးပါဘူး။ မင်းက လုပ်နိုင်ခဲ့တယ် ကောင်လေး။ ဒါဟာ မင်းရဲ့အောင်မြင်မှု ကြီးကျယ်ခမ်းနားမှုရဲ့ တန်ဖိုးပါပဲ"

"ငါသွင်းယူခဲ့တယ်ဆိုတဲ့ သွင်းဂိုးအရေအတွက်ကလည်း တို့ကိုယ်စားပြုတဲ့ နိုင်ငံရဲ့ အပျော်တွေထက်စာရင် ဘာမှမဟုတ်ပါဘူး ဒါကိုလည်း မင်းလည်းသိမှာပါ။"

"အခုက ငါက အသက် ၈၂ နှစ်ရှိပြီး နောက်ပိုင်းမှာ မင်းအတွက်အောင်မြင်မှုတွေရရှိဖို့ ငါ့အနေနဲ့ စိတ်ဓာတ်ခွန်အားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါထက်ကျော်လွန်ပြီး မင်းရဲ့အောင်မြင်မှုတွေက သန်းပေါင်းများစွာသောသူတွေထံ ကူးဆက်ပျံ့နှံ့ဖို့ မျှော်လင့်မိပါတယ်" လို့ ပီလီက ရေးသားထားပါတယ်။

#ပီလီ #ဘရာဇီး #နေမာ #၂၀၂၂ကမ္ဘာ့ဖလား