ရှေ့သို့
Image

နယ်သာလန်ကစားသမားတွေရဲ့မျက်နှာကိုကြည့်ပြီး ဘာကြောင့်အောင်ပွဲခံရလဲဆိုတာကို အော်တာမန်ဒီရှင်းပြ

10:00 AM, 11 December

အာဆင်နယ်နောက်ခံလူ အော်တာမန်ဒီက မိမိ နဲ့ အသင်းဖော်တွေဟာ နယ်သာလန်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိပြီးနောက် ဘာကြောင့်သူတို့မျက်နှာကိုကြည့်ပြီး အောင်ပွဲခံရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။

မာတီနက်ဇ်က ပင်နယ်တီအနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အော်တာမန်ဒီဦးဆောင်ပြီး အာဂျင်တီးနားကစားသမားတွေက နယ်သာလန်ကစားသမားတွေမျက်နှာကိုကြည့်ရင်း အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်မှာ နယ်သာလန်ကစားသမားတွေဟာ အန်ဇိုဖာနန်ဒက်ဇ် နဲ့ မာတီနက်ဇ်တို့ ပင်နယ်တီမကန်ခင် ခြိမ်းခြောက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် အာဂျင်တီးနားကစားသမားတွေက ပွဲအပြီး အခုလိုမျိုးပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးသတင်းထောက်တွေနဲ့ အင်တာဗျူးမှာ အော်တာမန်ဒီက အခုလိုမျိုးပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူတို့မျက်နှာကိုကြည့်ပြီး ဘာကြောင့်အောင်ပွဲခံရလဲဆိုတော့ နယ်သာလန်ကစားသမားတွေထဲကတစ်ဦးက ခြိမ်းခြောက်မှုလုပ်ခဲ့ပါတယ်။

အဲ့တာကြောင့် ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ခဲ့တာပါ”လို့ အော်တာမန်ဒီက ပြောကြားခဲ့ပါတယ်။

#နယ်သာလန် #အာဂျင်တီးနား #မန်ဒီ #၂၀၂၂ကမ္ဘာ့ဖလား