ရှေ့သို့
Image

နယ်သာလန်ကိုအနိုင်ရရှိပြီးနောက် မာရာဒိုနာကို ဂုဏ်ပြုခဲ့တဲ့ မက်ဆီ

9:43 AM, 11 December

နယ်သာလန်ကိုပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီးနောက် မက်ဆီတစ်ယောက် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာကို ဂုဏ်ပြုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၁၀ မိနစ်မတိုင်ခင် ၂ ဂိုးပြတ်အရေးနိမ့်နေခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ မာတီနက်ဇ်ရဲ့ကာကွယ်မှုနဲ့အတူ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မက်ဆီက အဆိုပါပွဲအပြီးမှာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာအနေနဲ့ ကောင်းကင်ကနေ ကြည့်ရှုနေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီယေဂိုတစ်ယောက် ကောင်းကင်ကနေ ကြည့်နေပါလိမ့်မယ်။ သူကတွန်းအားပေးသလို ကျွန်တော်တို့ကလည်း အဆုံးသတ်မတိုင်ခင် တိုက်ပွဲဝင်သွားမှာပါ။"

"လော်တာရိုဂိုးသွင်းနိုင်ချိန်မှာ ကျွန်တော်တို့ အများကြီးအားရခဲ့ပါတယ်။ တကယ့်ကိုခက်ခဲတဲ့ပွဲတစ်ပွဲပါ။ အစကတည်းက ခက်ခဲခဲ့ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာကိုလည်း ကျွန်တော်တို့သိပါတယ်။"

"ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အဲ့အခိုက်အတန့်ကိုလည်း နှစ်သက်ပါတယ်။ အာဂျင်တီးနားပြည်သူတွေလည်း ပျော်နေကြပါတယ်။ သူတို့ စိတ်လှုပ်ရှားနေကြသလို စိတ်အားထက်သန်မှုအပြည့်ပါပဲ။"

"နယ်သာလန်က ကျွန်တော်တို့ကို အဝေးဘောတွေနဲ့ဒုက္ခပေးနိုင်ခဲ့ပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

ပွဲကာလရှည်ကြာခဲ့ပေမယ့် မက်ဆီဟာ မိနစ် ၉၀ အတွင်း အသင်းခေါင်းဆောင်တစ်ယောက်ပီသစွာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး မက်ပီက ၂၀၂၁ ကိုပါအမေရိကဖလားပြီးနောက် ပထမဆုံးကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

အင်္ဂါနေ့မှာ ခရိုအေးရှားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ဖိုငနယ်ပွဲကစားမှာဖြစ်ပါတယ်။

#မာရာဒိုနာ #နယ်သာလန် #အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား