ရှေ့သို့
Image

နှစ်ချို့ဝိုင်ကြီး ဂီရော့ဒ်ရဲ့အဖိုးတန်သွင်းဂိုးနဲ့ အင်္ဂလန်ကိုကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ကို တက်သွားတဲ့ ပြင်သစ် (ပွဲပြီးရလဒ်)

3:49 AM, 11 December

အင်္ဂလန် ၁ - ၂ ပြင်သစ်
ချူအာမီနီ (၁၇ မိနစ်)
ဟယ်ရီကိန်း (၅၄ မိနစ်) P
ဂီရော့ဒ် (၇၈ မိနစ်)

- ဒီနေ့ပွဲက ကြည့်ရတာတန်ပါတယ်၊ အင်္ဂလန်အသင်းလည်း အကောင်းဆုံးပုံစံနဲ့ ကစားခဲ့သလို၊ ပြင်သစ်ကလည်း လက်ရှိချန်ပီယံဆိုတဲ့အတိုင်း ထိပ်တန်းခြေစွမ်းမျိုးပြသသွားခဲ့ပါတယ်။ ပြင်သစ်နဲ့တွေ့လို့သာ အင်္ဂလန်အသင်း ပြုတ်တာလို့ ပြောလို့ရပါတယ်။ ပင်နယ်တီ ၂ လုံးရခဲ့ပေမယ့် ကိန်းရဲ့ကန်ချက်က ၁ လုံးသာ ရရှိခဲ့လို့ အင်္ဂလန်အသင်းအတွက် မချင့်မရဲဖြစ်ချင်စရာပါပဲ။ ပြင်သစ်ဂိုးသမား လိုရစ်ကလည်း အမိုက်စား လက်စွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်တို့ ချေပဂိုး ပြန်လည်မသွင်းနိုင်ခဲ့ပါဘူး။
- ဂီရော့ဒ်ရဲ့ အနိုင်ဂိုးကလည်း တကယ့်ကို ကမ္ဘာ့အဆင့်မီပါပဲ၊ ဂရစ်ဇ်မန်းရဲ့ ဖြတ်တင်ဘောကို မက်ဂွာရီလူကပ်ထားတဲ့ကြားကနေ မရရအောင် ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အသက်ကြီးမှ ထကောင်းနေတဲ့ ဂီရော့ဒ်ကတော့ ဘန်ဇီးမားမပါတဲ့ ပြင်သစ်တိုက်စစ်ကို ကောင်းကောင်းဦးဆောင်ပြီး အခုဆိုရင် ကမ္ဘာ့ဖလားသွင်းဂိုး ၄ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်္ဂလန်ကတော့ ကွာတာအဆင့်နဲ့ပဲ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပြီဖြစ်ပြီး ပြင်သစ်ကတော့ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။


#အင်္ဂလန် #ပြင်သစ် #ကာတာကမ္ဘာ့ဖလား