ရှေ့သို့
Image

ကွင်းထဲငိုကြွေးနေတဲ့ နေမာထံ ပြေးသွားပြီး နှစ်သိမ့်ပေးခဲ့တဲ့ ပါရီဆစ်ရဲ့သားငယ်လေး

9:03 AM, 10 December

ခရိုအေးရှား-အာဂျင်တီးနားပွဲစဉ်အပြီး ချစ်စရာအပြုအမူတစ်ခုအဖြစ် ခရိုအေးရှားတောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်ရဲ့သားငယ် လီယိုဟာ ပင်နယ်တီနဲ့ ရှုံးသွားလို့ ငိုကြွေးနေတဲ့ နေမာထံပြေးသွားပြီး နှစ်သိမ့်ပေးခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဘရာဇီးအသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားကို ဆွတ်ခူးမယ်လို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပေမယ့် ယမန်နေ့ညကတော့ ခရိုအေးရှားနဲ့အတွေ့မှာ ခြေစွမ်းကောင်းတွေမပြနိုင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲချိန်မိနစ်၉၀အတွင်း ဂိုးမရှိသရေကျနေလို့ နာကျင်အချိန်ပို ဆက်ကစားရာမှာ နေမာက ဘရာဇီးအတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် ပက်ကိုဗစ်က ခရိုအေးရှားအတွက် ပြန်လည်ချေပသွားခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ရိုဒရီဂိုနဲ့ မာကွင်ဟိုစ်တို့ရဲ့ လွဲချော်မှုတွေကြောင့် နေမာတောင် မကန်လိုက်ရဘဲ ဘရာဇီးတို့ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ စိတ်ပျက်နေတဲ့ ဘရာဇီးအသင်းဟာ မျက်ရည်တွေဝဲကာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။

နေမာတစ်ယောက်လည်း ကွင်းလယ်နားလောက်မှာ ငိုကြွေးနေစဉ် ပါရီဆစ်ရဲ့သားငယ်လေး လီယိုက ပြေးလာကာ ဘရာဇီးသားကို နှစ်သိမ့်ပေးခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ဝေဖန်သူတွေကြားမှာတော့ ဘရာဇီးအသင်းအနေနဲ့ နေမာကို ၅လုံးမြောက်ပင်နယ်တီကန်သွင်းသူအဖြစ် သတ်မှတ်ထားခြင်းအပေါ် ဝေဖန်မှုမြင့်တက်နေခဲ့ပါတယ်။

အင်္ဂလန်ဂန္တဝင် ဖာဒီနန်ကလည်း “ပင်နယ်တီကန်တာ အကောင်းဆုံးကစားသမားတစ်ဦးကို ဘာကြောင့် နောက်ဆုံးမှာထားတာလဲဆိုတာ စတူဒီယိုထဲ ပြောနေကြတာပါ။ နေမာတော့ ငါပင်နယ်တီ ကန်လိုက်ရရင်ဆိုပြီး တွေးနေပါလိမ့်မယ်”ဆိုပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။

#အာဂျင်တီးနား #ခရိုအေးရှား #၂၀၂၂ကမ္ဘာ့ဖလား #ပါရီဆစ်