ဘရာဇီးရဲ့ ဂိုးသွင်းပြီးနောက် အောင်ပွဲခံပုံကို ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်းအား တုံ့ပြန်လိုက်တဲ့ ရာဖင်ဟာ
1:19 PM, 7 December
ဘရာဇီးရဲ့ဂိုးသွင်းအောင်ပွဲခံပုံကို ရွိုင်ကိန်းက ဝေဖန်ခဲ့ပေမယ့် မိမိတို့ဟာ ဆက်ကနေမှာဖြစ်တယ်လို့ ရာဖင်ဟာက ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ကစားသမားဟောင်း ကိန်းက တောင်ကိုရီးယားကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘရာဇီးရဲ့အကနဲ့ အောင်ပွဲခံပုံကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ကစားသမားဟောင်းကတော့ မိမိတို့ အသင်းအနေနဲ့ အောင်ပွဲခံပုံကို ရပ်တန့်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ပြဿနာက ဘယ်သူကြိုက်လဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ။ ဂိုးသွင်းပြီးနောက် အကနဲ့အောင်ပွဲခံတာက စံပြပါပဲ။ ကျွန်တော်တို့ လေးစားမှုမရှိတာမဟုတ်ပါဘူး။ ပြိုင်ဘက်ရှေ့မှာ အောင်ပွဲခံတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းဖော်တွေအတူတကွအောင်ပွဲခံတာပါ။ အဲ့တာက ကျွန်တော်တို့ အခိုက်အတန့်ပါ။ ဘရာဇီးအောင်ပွဲခံရမယ့်အချိန်ပါ။ ကျွန်တော် အများကြီးမပြောချင်ပါဘူး။ ကျွန်တော်တို့ ဆက်သွားမှာပါ”လို့ ရာဖင်ဟာက ပြောကြားခဲ့ပါတယ်။
ဘရာဇီးအတွက် ဂိုးတွေကို နေမာ၊ ဗင်နီဆီးယက်စ်၊ ရစ်ချာလီဆင်နဲ့ ပါကွေတာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးဟာ သောကြာနေ့မှာ ခရိုအေးရှားအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲကစားရမှာဖြစ်ကာ လက်ရှိကမ္ဘာ့ဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။