ရှေ့သို့
Image

သူ့ရဲ့စွမ်းဆောင်ရည်က ဆိုးဝါးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ တိုမီယာဆု

10:51 AM, 7 December

အာဆင်နယ်နောက်ခံလူ တိုမီယာဆုက ဂျပန်အသင်းအတွက် သူ့ရဲ့စွမ်းဆောင်ရည်က ဆိုးဝါးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၄ နှစ်သားဟာ ခရိုအေးရှားနဲ့ ပွဲကို ပါဝင်ခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဂျပန်အသင်း အရေးနိမ့်မှုနဲ့ပတ်သက်ပြီး တိုမီယာဆုက သတင်းထောက်တွေကိုပြောကြားရာမှာ “မှန်ပါတယ်။ ကျွန်တော်တို့ ရလဒ်ပိုင်းကို စိတ်ပျက်မိပါတယ်။ ဒီနေ့ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်က ဆိုးဝါးခဲ့ပါတယ်။ အဲ့အတွက် အသင်းကို တောင်းပန်ပါတယ်။ ကျွန်တော် ဒီထက်ပိုကောင်းအောင် အသင်းကို ကူညီချင်တာပါ။ ဒီနေ့စွမ်းဆောင်ရည်က အသင်းအတွက် လုံလောက်မှုမရှိပါဘူး။ ကျွန်တော်တို့ အနိုင်ရဖို့ မထိုက်တန်ပါဘူး။ ကျွန်တော်တို့ပစ်မှတ်ရောက်ဖို့ နီးစပ်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ထက်ပိုကောင်းပါတယ်။ ကျွန်တော် ဂုဏ်မယူနိုင်သလို ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း မကျေနပ်ပါဘူး။ ဒါက ဘောလုံးပါ ကျွန်တော်တို့ ပိုကောင်းတဲ့ အသင်းဖြစ်ဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်အသင်းဟာ အုပ်စုအဆင့်မှာ စပိန်နဲ့ ဂျာမနီတို့ကိုကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ တိုမီယာဆုကတော့ အာဆင်နယ်အသင်းနဲ့ မပူးပေါင်းသေးပဲ အနားယူဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၇ နောက်ပိုင်း ခရစ္စမတ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ဂျပန် #ခရိုအေးရှား #တိုမီယာဆု #၂၀၂၂ကမ္ဘာ့ဖလား