ရှေ့သို့
Image

ဂိုးသမားယာဆင်ဘိုနူရဲ့ မယုံနိုင်စရာလက်စွမ်းနဲ့ စပိန်ကိုထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တဲ့ မော်ရိုကို (ပွဲပြီး)

12:34 AM, 7 December

မော်ရိုကို ၃ - ၀ စပိန် (ပင်နယ်တီအဆုံးအဖြတ်ရလဒ်)


- ပင်နယ်တီအလုံး ၁၀၀၀ ကန်သွင်းလေ့ကျင့်ထားတယ်ဆိုတဲ့ စပိန်ကို ပင်နယ်တီတစ်လုံးမှဂိုးမပေးရပဲနဲ့ မော်ရိုကိုအသင်း ကွာတားဖိုင်နယ်ကို တက်နိုင်သွားခဲ့တာပါ။ မယုံနိုင်စရာရလဒ်ပါပဲ၊ မော်ရိုကိုခံစစ် အရမ်းကိုကောင်းလွန်းခဲ့ပြီး နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဇီယက်ချ်၊ ဟာကီမီ၊ ရိုမိန်းဆိုင်းစ်တို့ ကျော်ကြားမှုနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့တကယ့်ဟီးရိုးကတော့ ဂိုးသမားယာဆင်ဘိုနူပါပဲ၊ လာလီဂါရဲ့ ထိပ်တန်းဂိုးသမားတွေပီပီ ပင်နယ်တီက ရင်ခုန်စရာကောင်းလွန်းခဲ့ပါတယ်။ 

- အူနိုင်းဆိုင်မွန်က ဘီနူရဲ့တစ်လုံးပဲ ပုတ်နိုင်ခဲ့ပေမယ့် ဘိုနူကတော့ ဆိုလာ၊ ဘတ်စ်ကွက်တို့ရဲ့ ကန်ချက်တွေကို မယုံနိုင်စရာလက်စွမ်းနဲ့ ကာကွယ်သွားပြီး ဆာရာဘီးယားကတော့ တိုင်ထိခဲ့လို့ စပိန်တို့ ပင်နယ်တီတစ်လုံးတောင် မရသွားခဲ့ပါဘူး။ မော်ရိုကိုအတွက် အဆုံးသတ်ပင်နယ်တီကိုတော့ ဟာကီမီက လှလှပပ ပင်နယ်ကာကန်ချက်နဲ့ အဆုံးသတ်ပြီး မော်ရိုကိုအသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့ပါတယ်။ တစ်ခုစိုးရိမ်စရာကတော့ မော်ရိုကိုရဲ့ အဓိကဗဟိုခံစစ်အတွဲဖြစ်တဲ အာဂတ်နဲ့ရိုမိန်းဆိုင်းစ် နှစ်ယောက်စလုံး ဒဏ်ရာရရှိခဲ့ကြတာကြောင့် ကွာတားဖိုင်နယ်အချိန်မီ ပြန်သက်သာလာဖို့ မျှော်လင့်ရပါတယ်။



#စပိန် #မော်ရိုကို #ကာတာကမ္ဘာ့ဖလား