ရှေ့သို့
Image

မိနစ် ၉၀ ပြည့်တဲ့ထိ အဖြေမပေါ်တာကြောင့် အချိန်ပို နာရီဝက်ဆက်ကစားမယ့် မော်ရိုကိုနဲ့စပိန် (ဒုတိယပိုင်းရလဒ်)

11:26 PM, 6 December

မော်ရိုကို ၀ - ၀ စပိန် 


- မော်ရိုကိုခံစစ်က တော်တော်လေး မာကျောပြီး ရိုမိန်းဆိုင်းစ်နဲ့အာဂတ်အတွဲက လုံးဝကို တည်တည်ငြိမ်ငြိမ်နဲ့ စပိန်တိုက်စစ်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ အာဂတ်ပွဲပြီးခါနီးမှ ဒဏ်ရာရရှိခဲ့ပေမယ့် မော်ရိုကိုခံစစ်အားနည်းသွားတာကို စပိန်က မိုရာတာနဲ့ နီကိုဝီလီယံတု့ိကိုထည့်ပြီး တိုက်စစ်မြှင်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပဲ သွင်းဂိုးတွေ ပျောက်ဆုံးနေဆဲပါပဲ။ 

- တစ်ချက်တစ်ချက် တန်ပြန်တိုက်စစ်စတင်လာရင် စပိန်ခံစစ်က ပြာယာခတ်သွားတဲ့ထိ မော်ရိုကိုကလည်း ကောင်းခဲ့ပေမယ့် တကယ်တမ်းဂိုးစည်းထဲရောက်ရင် အဆုံးသတ်မယ့်သူမရှိတာကြောင့် မော်ရိုကိုလည်း ဂိုးမရပြန်ပါဘူး။ အချိန်ပို နာရီဝက်ဆက်ကစားမှာဖြစ်ပြီး အနိုင်အရှုံးမပေါ်ရင်တော့ ပင်နယ်တီထိရောက်သွားနိုင်ပါတယ်။



#စပိန် #မော်ရိုကို #ကာတာကမ္ဘာ့ဖလား