ရှေ့သို့
Image

ဂိုးမသွင်းသေးပေမယ့် အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းနေတဲ့ မော်ရိုကိုနဲ့စပိန် (ပထမပိုင်းရလဒ်)

10:26 PM, 6 December

မော်ရိုကို ၀ - ၀ စပိန် 


- ပွဲစတင်တာနဲ့ စပိန်က သူ့ရဲ့ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့် အမ်မရာဘတ်ဦးဆောင်တဲ့ မော်ရိုကိုကွင်းလယ် ခံစစ်ကိုတောင် အရောက်မခံပဲ ကွင်းလယ်ကနေ အပြတ်ရှင်းထုတ်နေတာ တွေ့ရပါတယ်။

- မော်ရိုကိုကစားပုံ တော်တော်လေးကောင်းပြီး အထူးသဖြင့် ဘယ်တောင်ပံက ဘူဖယ်ရဲ့ လှပလွန်းတဲ့ ကျော်ဖြတ်မှုတွေကနေ အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် ဇီယက်ချ်နဲပ အန်နက်ဆရီတို့ အသုံးမချနိုင်လို့သာ ဂိုးမရရှိခဲ့တာပါ။ စပိန်ကတော့အဆန်စီယိုရဲ့ ကန်ချက် ဂိုးဘားတန်းထိခဲ့ပေမယ့် လူကျွံဘောဖြစ်ခဲ့သလို၊ ဘိုနူရဲ့အမှားကနေ ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် အမ်မရာဘတ် ကာကွယ်နိုင်ခဲ့တာတွေကြောင့် ပထမပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။ 


#မော်ရိုကို #စပိန် #ကာတာကမ္ဘာ့ဖလား 

#စပိန် #မော်ရိုကို #ကာတာကမ္ဘာ့ဖလား