ရှေ့သို့
Image

အင်္ဂလန်အသင်းနဲ့အတူ တောက်ပနေတဲ့ ဘယ်လင်ဂမ်ကို ဂျရတ်နဲ့ နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ ဂျေမီကာရေကာ

12:56 PM, 6 December

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေအပြင် ဆီနီဂေါအသင်းနဲ့ ကစားခဲ့တဲ့ ၁၆သင်း ပွဲစဉ်မှာပါ တောက်လျှောက်ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အသက် ၁၉နှစ်အရွယ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ လီဗာပူးအသင်းရဲ့ ဂန္ဓဝင်ကစားသမား ကာရေဂါက အခြားဂန္ဓဝင်ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ စတီဗင်ဂျရတ်နဲ့ နှိုင်းယှဉ်ကာ ချီးကျူးစကားပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်အင်ဂျင်အဖြစ် ပွဲထွက်ကစားခွင့်ရနေတဲ့ တက်သစ်စ ကစားသမား ဘယ်လင်ဂမ် အနေဖြင့် နည်းပြ ဆောက်ဂိတ်ရဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း တောက်ပတဲ့ ခြေစွမ်းကောင်းအချို့ကို ပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘယ်လင်ဂမ်ရဲ့ အသက်အရွယ်နဲ့မလိုက်တဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ SKY SPORT သတင်းဌာနရဲ့ ဘောလုံး သုံးသပ်သူ ကာရေဂါက“ကျွန်တော်တို့ အံ့အားသင့်ဖွယ်အရည်ချင်းတွေပြည့်နေတဲ့ ကစားသမားတစ်ယောက်ကို ကြည့်ရှုခွင့်ရနေကြတာပါ။ ကျွန်တော်တို့ အနေဖြင့် ခေတ်သစ်ဘောလုံးလောကရဲ့ ကွင်းလယ်ကစားသမားကောင်း တစ်ယောက်အကြောင်း ညွှန်းဆိုပြောကြမယ်ဆိုရင် သူက မဖြစ်မနေပါဝင်နေပါလိမ့်မယ်” “သူ့အသက်က ငယ်ရွယ်နေသေးတယ်ဆိုပေမဲ့ အသက် ဂျရတ် ၂၇နှစ် အရွယ်မှာ ကစားနေတဲ့ စွမ်းဆောင်ရည်လိုမျိုး ဘောလုံးရှင်းထုတ်မှုတွေ၊ ကောင်းမွန်တဲ့ ပေးပို့မှုတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ သွင်းဂိုးတွေ ပြလုပ်နေနိုင်ပါပြီ”

“ကမ္ဘာ့ဖလားပြိုင်ပွဲက ကစားသမားကောင်းတွေကို အဆင့်အတန်းမြင့်မားပြီး ကျော်ကြားတဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်ရစေနိုင်ပါတယ်။ ၁၉၉၀ အီတလီကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ပေါလ်ဂက်ဇာ လိုမျိုးပေါ့။ သူဆို အင်္ဂလန်အသင်း အတွက် အရေးပါဆုံး ကစားသမားအဖြစ်ပါ ချက်ချင်းအပြောင်းအလဲ ဖြစ်စေခဲ့တာပါ” “အိုဝင်နဲ့ ရွန်းနီတို့တုန်းကလည်း ဒီအတိုင်းပါပဲ။ ယခုတော့ ဘယ်လင်ဂမ်အတွက် အချိန်အခါကောင်း ရောက်ရှိလာပါပြီ” လို့ ချီးကျူးပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#အင်္ဂလန် #ဘယ်လင်ဂမ် #ဂျရတ် #၂၀၂၂ကမ္ဘာ့ဖလား