ရှေ့သို့
Image

နေမာရဲ့ ပါးနပ်တဲ့ နည်းစနစ်စွမ်းဆောင်ရည်က ဘရာဇီး အသင်းဖော်တွေအပေါ်မှာ သက်ရောက်မှုရှိကြောင်း ပြောလိုက်တဲ့ နည်းပြ တီတီ

11:20 AM, 6 December

ကမ္ဘာ့ဖလား ၅ကြိမ်ချန်ပီယံ ဘရာဇီးအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆သင်း အဆင့် ပွဲစဉ်ဖြစ်တဲ့ အာရှဇုန်မှ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ တောင်ကိုရီးယား အသင်းနှင့် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အစဉ်အလာကွာခြားသလို ကစားသမား စာရင်းမှာလည်း ပိုမိုတောင့်တင်းမှုရှိတဲ့ ဘရာဇီး အသင်းက တောင်ကိုရီးယား အသင်းကို ၄ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ကစားပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို ပွဲအပြီးမှာလည်း ဘရာဇီးအသင်း အတွက် အရေးပါတဲ့ ဒုတိယမြောက်သွင်းဂိုးကို ပင်နယ်တီမှတစ်ဆင့် အမှားအယွင်းမရှိ ကန်သွင်းယူပေးသွားခဲ့တဲ့ နေမာရဲ့ ဘရာဇီးအသင်းဖော်တွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိကြောင်းကို ရှင်းပြပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲရန်ရေပန်းစားမှုမြင့်မားနေတဲ့ နည်းပြ တီတီရဲ့ ဘရာဇီး အသင်းက တောင်ကိုရီးယားနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း နေမာ ပြန်လည် ပါဝင်လာနိုင်မှုနဲ့အတူ တိုက်စစ်ကစားပုံအထူးကောင်းမွန်ခဲ့ကာ တောင်ကိုရီးယား အသင်းဘက်ကို အခွင့်အရေးတွေတောက်လျှောက်ဖန်တီးနိုင်ခဲ့ပြီး ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ ဗင်နီးစီးယက်စ်၊ နေမာ၊ ရစ်ချာလီဆန်၊ ပါကွီတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄ဂိုး အသာနဲ့ ဦးဆောင်ကစားနိုင်ခဲ့ ပါတယ်။

ဘရာဇီးအသင်းအနေဖြင့်ပေါ်တူဂီအသင်းကို ၄ဂိုး - ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို စိန်ခေါ်နိုင်ရေးအတွက် ခြေလှမ်းတစ်ရပ်အနေဖြင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်ပွဲစဉ်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ခရိုအေးရှား အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

နေမာရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ နည်းပြ တီတီက“သူက နည်းစနည်းပိုင်းအရပါ ဦးဆောင်နိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ ကိုယ့်အသင်းမှာ ပွဲအဖြေကို ချက်ချင်းပြောင်းလဲပေးနိုင်တဲ့ နေမာလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတာကြောင့် တွဲဖက်ကစားသမားတွေအပေါ်မှာလည်း ယုံကြည်မှု ပိုမိုတိုးပွားလာစေပါတယ်” “နေမာက အရေးပါတဲ့ ခြေလှမ်းတွေကိုစတင်နိုင်ခဲ့ပြီး သူပါဝင်နေတဲ့အခါ ကျွန်တော်တို့အသင်းရဲ့ အလားအလာကလည်း ပိုမို ကောင်းမွန်စေပြီး မျှော်မှန်းထားတဲ့ နေရာကို ရောက်နိုင်ပါတယ်”လို့ ချီးကျူးပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#တီတီ #ဘရာဇီး #နေမာ #၂၀၂၂ကမ္ဘာ့ဖလား