ရှေ့သို့
Image

ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် နိုင်ငံအသင်းဖော်တွေကို အားပေးစကားဆိုခဲ့တဲ့ မာနေး

10:40 AM, 6 December

အင်္ဂလန်အသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် မာနေးတစ်ယောက် ဆီနီဂေါ အသင်းဖော်တွေကို တွစ်တာကနေ အားပေးစကားဆိုလိုက်ပါတယ်။

ဆီနီဂေါအသင်းဟာ ၂၀၀၂ နောက်ပိုင်း အုပ်စုအဆင့်ကနေ ရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်နဲ့ တွေ့ဆုံရာမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ မာနေးကတော့ ဒဏ်ရာ အခြေအနေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပြီး အသင်းဖော်တွေကစားတာကိုပဲ ကြည့်ရှုခဲ့ရပါတယ်။

“ညီအစ်ကိုတို့ မင်းတို့အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ပရိသတ်တွေကို အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ နိုင်ငံအသင်းအလံကို ဂုဏ်သိက္ခာနဲ့ကာကွယ်နိုင်ခဲ့ပါတယ်။ ကံကောင်းပါစေ ဆက်လက်သင်ယူပါ။ မကြာခင်မှာ ကျွန်တော်တို့ ဆုဖလားတွေ ရယူပါမယ်”လို့ မာနေးက တွစ်တာမှာ တင်ခဲ့ပါတယ်။

မာနေးတစ်ဦးတည်း တနင်္ဂနွေပွဲကို လွဲချော်ခဲ့တာမဟုတ်ပဲ အဲဗာတန်စတား ဂူယီနဲ့ ကူယာတေးတို့လည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကနေ မကစားခဲ့ရပေမယ့် မာနေးတစ်ယောက် ဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် အာရုံစိုက်နေတာဖြစ်ပါတယ်။

#အင်္ဂလန် #ဆီနီဂေါ #မာနေး #၂၀၂၂ကမ္ဘာ့ဖလား