ရှေ့သို့
Image

ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရတာကြောင့် နားရက်ရဖွယ်မရှိတော့တဲ့ လီဝန်ဒေါ့စကီး

10:38 AM, 6 December

ပိုလန်အသင်း တိုက်စစ်မှူး လီဝန်ဒေါ့စကီးတစ်ယောက် ကမ္ဘာ့ဖလားကန်ခဲ့တဲ့အတွက် နားရက် အများအပြားရဖွယ်ရှိနေပေမယ့် အခုတော့ သူထင်ထားသလိုဖြစ်လာဖွယ်မရှိတော့တာ ဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးက ပင်နယ်တီက ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပိုလန်အသင်းဟာ ပြင်သစ် အသင်းကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်သားတစ်ယောက် ဘာစီလိုနာကိုပြန်လာရဖွယ်ရှိနေပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကစားရမယ့် အက်စ်ပန်ညိုနဲ့ ပွဲအတွက် ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

အိုဆာဆူနာနဲ့ပွဲက အနီကတ်ကြောင့် လီဝန်ဒေါ့စကီးဟာ တစ်ပွဲပယ်ခံရဖို့ သေချာနေပြီး နောက်၂ ပွဲကတော့ အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ၁၅ ရက်တာ ကာလအတွင်း အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးမှာ အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တကယ်လို့အယူခံမအောင်ခဲ့ရင်တော့ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါ့စကီးမပါပဲ တီကိုနဲ့ ဘက်တစ်ပွဲတွေကို ကစားရဖွယ်ရှိနေပါတယ်။

အိုဆာဆူနာကို အနိုင်ရရှိခဲ့တာကြောင့် ဘာစီလိုနာဟာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလား အပြီးပွဲတွေက ခက်ခဲနိုင်တာဖြစ်ပါတယ်။ လီဝန်ဒေါ့စကီးဟာ ဒီရာသီအတွင်းအတွက် လိဂ်သွင်းဂိုး ၁၃ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ကာ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။

#ပိုလန် #လီဝန်ဒေါ့စကီး #၂၀၂၂ကမ္ဘာ့ဖလား