ရှေ့သို့
Image

ဇန်နဝါရီအပြောင်းအရွေ့နဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ယူနိုက်တက်ပစ်မှတ် ကိုဒီဂတ်ပို

9:29 AM, 5 December

ပီအက်စ်ဗွီနှင့် နယ်သာလန်အသင်းရဲ့ စတားဖြစ်သူ ကိုဒီဂတ်ပိုက ကောလာဟလထွက်နေတဲ့ သူ့ရဲ့ အနာဂတ်အပေါ် အသိပေးပြောကြားလိုက်ပါတယ်။

လက်ရှိရာသီတွင် ပီအက်စ်ဗွီအတွက် ၁၃ ဂိုး သွင်းယူခဲ့ပြီးနောက် ကွင်းလယ်ကစားသမားဟာ ဇန်နဝါရီဈေးကွက်မှာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာပြီး ကမ္ဘာ့ဖလားမှာလည်း နယ်သာလန်အတွက် ၃ ဂိုး သွင်းယူထားကာ အခြားကစားသမားတွေနဲ့အတူ ရွှေဖိနပ်ဆုအတွက်ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

နွေရာသီမှာတုန်းက လိဒ်စ်ယူနိုက်တက်ဟာ အသက် ၂၃နှစ်အရွယ် ကစားသမားကို ခေါ်ယူလုနီးပါးဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ ယူနိုက်တက်ဟာ အသင်းနှင့် စာချုပ်ဖျက်သိမ်းလိုက်တဲ့ ရော်နယ်ဒိုရဲ့ နေရာကိုအစားထိုးဖို့ လာမယ့်အပြောင်းအရွေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ ချိတ်ဆက်မှုတွေလုပ်နေတာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွေ့နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဂတ်ပိုက "အခုတော့ အဲ့ဒီအကြောင်းတွေ မစဉ်းစားသေးပါဘူး။ ပြိုင်ပွဲအတွက်ကိုပဲ အာရုံစိုက်ထားပါတယ်။ ခြေစွမ်းဆက်တိုက်ပြနိုင်ပြီး အသင်းကို ကူညီဖို့ကာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာဖို့ကိုပဲ ခေါင်းထဲထည့်ထားပါတယ်။ ဒါတွေပြီးမှ အနာဂတ်အတွက် စဉ်းစားမှာပါ" "ကျွန်တော်က အာရုံစိုက်နိုင်ဖို့ကိုကြိုးစားနေပြီး အခြားကစားသမားတွေကလည်း ဒီလိုအကြောင်းတွေကို မပြောကြတာကြောင့် အခုလိုအခြေအနေမှာ ကျွန်တော့်အတွက် အကူအညီဖြစ်စေပါတယ်" လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယ်သာလန် #အပြောင်းအရွှေ့ #ပီအက်စ်ဗွီ #ဂတ်ပို