ရှေ့သို့
Image

ဆီနီဂေါကို သုံးဂိုးပြတ်အနိုင်ယူကာ ကွာတားကို အေးအေးဆေးဆေးတက်ရောက်သွားတဲ့ အင်္ဂလန်

3:28 AM, 5 December

အင်္ဂလန် ၃ - ၀ ဆီနီဂေါ (ပွဲပြီးရလဒ်)

ဟန်ဒါဆန် (၃၈မိနစ်)

ဟယ်ရီကိန်း(၄၅+၂)

ဆာကာ (၅၇မိနစ်)


အင်္ဂလန်တို့ ပထမပိုင်းကတည်းက ၂ဂိုးပြတ်နိုင်နေတာကြောင့် ကစားရလွယ်ကူသွားခဲ့ကာ ဒုတိယပိုင်းမှာတော့ ဆာကာရဲ့သွင်းဂိုးကြောင့် ဂိုးပိုပြတ်သွားပြီး ခြေအသာနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ ယနေ့ညပွဲမှာ ချီးကျုးရမှာကတော့ ဘယ်လင်ဂမ်နဲ့ ဖိုဒန်တို့ဖြစ်ပြီး အင်္ဂလန်အသင်း ဂိုးပြတ်နိုင်ပွဲမှာ အဓိကကျသူတွေလို့ ပြောရမှာပါ။ ဆီနီဂေါကတော့ မာနေးမပါတဲ့ တိုက်စစ်က အသက်မဲ့နေခဲ့ပြီး ယနေ့ညမှာတော့ ကမ္ဘာ့ဖလားအိပ်မက် တစ်ခန်းရပ်သွားခဲ့ပါတယ်။

#အင်္ဂလန် #ဆီနီဂေါ #၂၀၂၂ကမ္ဘာ့ဖလား