ရှေ့သို့
Image

ဘယ်လင်ဂမ်ကို လီဗာပူးသို့ ပြောင်းရွေ့ဖို့ စည်းရုံးနေမဟုတ်ပါဘူးလို့ ပြောဆိုလိုက်တဲ့ အာနိုးလ်

11:58 AM, 4 December

ဘယ်လင်ဂမ်အား လီဗာပူးသို့ ပြောင်းရွေ့ဖို့ စည်းရုံးနေပါတယ်လို့ ပြောဆိုမှုတွေကို အာနိုးလ်က ငြင်းဆိုလိုက်ပါတယ်။

အဆိုပါ ကစားသမား ၂ ဦးဟာ အင်္ဂလန်နှင့်အတူရှိနေပြီး ဆောက်ဂိတ်ရဲ့အသင်းဟာ လက်ရှိမှာ ရှုံးပွဲမရှိသေးဘဲ ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ လီဗာပူးသို့ ပြောင်းရွေ့ဖို့ အရင်ကတည်က ဆက်သွယ်ခြင်းခံထားရသူဖြစ်ပြီး အာနိုးလ်နှင့်ဓာတ်ပုံရိုက်ခဲ့ပြီးနောက် မာဆေးဆိုဒ်သို့ ပြောင်းရွေ့ရန် ကောလာဟလတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

ညာနောက်တန်းကစာသမားဟာ အင်စတာဂရမ်တွင် "ညီငယ်နဲ့အတူ မြို့ထဲမှာ အေးအေးလူလူလမ်းလျှောက်နေပါတယ်" လို့ ခေါင်းစဉ်တပ်ကာ ပုံတစ်ပုံတင်ခဲ့ပြီး ဘယ်လင်ဂမ်ကလည်း "ငါ့အစ်ကိုရေ" လို့ မှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေရဲ့တုန့်ပြန်မှုအပေါ် မေးရာတွင် အာနိုးလ်က BBC Radio 5 Live သို့ "ကျွန်တော်က အသင်းဖော်နဲ့အတူ အပြင်ကို ထွက်တာမဟုတ်ဘူးလား၊ အားလုံးကတော့ အေးဂျင့် ထရန့် လိုပဲပြောနေကြတာပါ"

"မနေ့က အသင်းဖော်အနည်းငယ်လောက်နဲ့ အပြင်ထွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့က နားရက်ရရှိထားပြီး ကောင်းကောင်းမွန်မွန်ဘဲ အပြင်သို့လျှောက်သွားကြတာပါ" လို့ ဖြေပါတယ်။

ပို့စ်တင်ခဲ့တဲ့ ဓာတ်ပုံက အပြောင်းအရွေ့အတွက် အရိပ်အမြွက်လားလို့မေးရာတွင် "မဟုတ်ရပါဘူး။ ကျွန်တော်တို့က ဓာတ်ပုံတစ်ပုံရိုက်ဖို့ လုပ်ခဲ့ကြတာပါ"

"ကမ္ဘာ့ဖလားဆိုတာက ဘဝမှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြမ်လောက်ပဲဖြစ်နိုင်ပြီး အဲ့ဒီကိုရောက်တယ်လို့ လူတော်တော်များများက မပြောနိုင်ကြပါဘူး။ ဒါကြောင့်ဘဲ အတူတူ ဓာတ်ပုံရိုက်ခဲ့ကြတာပါ အဲ့ဒါပဲ" လို့ ဖြေပါတယ်။

အာနိုးလ်ဟာ ကမ္ဘာ့ဖလားမှာ ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်နေရပြီး ဝေးလ်နှင့်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ၃၃ မိနစ်သာ ကစားထားရပါတယ်။

ဘယ်လင်ဂမ်ကတော့ ကာတာမှာ အင်္ဂလန်အတွက် အထူးခြေစွမ်းပြသထားပြီး အုပ်စုပွဲစည် ၃ ပွဲစလုံးမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားရကာ အီရန်နှင့်ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။

ဒေါ့မွန်ကွင်းလယ်ကစားသမားဟာ မန်စီးတီးနှင့် လာလီဂါက အသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်တို့ အပါအဝင် နာမည်ကြီးကလပ်တော်တော်များများသို့ ပြောင်းရွေ့ဖို့ သတင်းထွက်နေသူဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ အသင်းရဲ့ကွင်းလယ်ကို အင်အားတောင့်တင်းဖို့ ဘယ်လင်ဂမ်ကို ခေါ်ယူမယ်ဆိုရင်တော့ ငွေကြေးများစွာ အသုံးပြုရမှာဖြစ်ပါတယ်

ဘယ်လင်ဂမ်နှင့် အင်္ဂလန်အသင်းဖော်တွေဟာ တနင်္ဂနွေနေ့မှာ ဆီနီဂေါနှင့် ၁၆ သင်းအဆင့် ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

အနိုင်ရရှိခဲ့ပါက ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ် - ပိုလန် ပွဲစဉ်က အနိုင်ရရှိလာတဲ့အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

#လီဗာပူး #အာနိုးလ် #ဘယ်လင်ဂမ် #ပရီးမီးယားလိဂ်