ရှေ့သို့
Image

ချေပဂိုးတွေ ပြန်ပေးရလုနီးပါးဖြစ်ခဲ့ပေမယ့် ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အာဂျင်တီးနား (ပွဲပြီးရလဒ်)

3:40 AM, 4 December

အာဂျင်တီးနား ၂ - ၁ သြစတြေးလျ 

မက်ဆီ (၃၅ မိနစ်)

အယ်ဗာရက်ဇ် (၅၇ မိနစ်)

ဖာနန်ဒက်ဇ် (၇၇ မိနစ်) OG


- နာမည်ကြီးအာဂျင်တီးနားကတော့ သြစတြေးလျကို အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်သွားခဲ့ပါပြီ။ ဒါပေမယ့် မျှော်လင့်ချက်ကြီးကြီးမားမား ထားထားတဲ့အသင်းပီပီ ကစားသမားတွေကလည်း စိုးရိမ်စိတ်ကြီးမားနေတာ တွေ့ရပါတယ်။ သြစတြေးလျက ဒီပွဲမှာ သိပ်အကောင်းကြီးမဟုတ်ပေမယ့် အာဂျင်တီးနားကလည်း ထင်သလောက် မကောင်းခဲ့ပါဘူး။ မက်ဆီကတော့ မက်ဆီပါပဲဆိုတဲ့အတိုင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ဂိုးမသွင်းနိုင်တဲ့ သူ့ရဲ့စံချိန်ဆိုးကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ မက်သရူးရိုင်ယန်ရဲ့ အမှားကနေ အယ်ဗာရက်ဇ် တစ်ဂိုးသွင်းနိုင်ခဲ့လို့ တော်သေးတယ်လို့ဆိုရမှာပါ။ 

- ဂွတ်ဒ်ဝင်းရဲ့ အဝေးကန်ချက် ဖာနန်ဒက်ဇ်နဲ့ထိပြီး og ပေးလိုက်ရသလို ပွဲပြီးခါနီးကျမှ သြစတြေးလျလူငယ်ကစားသမား ကူယိုလ်နဲ့ ဂိုးသမားမာတီနက်ဇ်တို့ တစ်ယောက်ျခင်းအတွ့မှာ မာတီနက်ဇ်ကာကွယ်နိုင်ခဲ့လို့ တော်သေးတယ်လို့ဆိုရမှာပါ။ အဲ့ဒီဂိုးသာဝင်သွားခဲ့ရင် အာဂျင်တီးနားနောက်တစ်ဆင့်တက်ဖို့ သေချာပေါက် ခက်ခဲမှာပါ။ ဘာပဲဖြစ်ဖြစ် လာမယ့်ကွာတားဖိုင်နယ်အဆင့်မှာတော့ နယ်သာလန် Vs အာဂျင်တီးနာဆိုတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲကို ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ 


#အာဂျင်တီးနား #ကာတာကမ္ဘာ့ဖလား #သြစတြေးလျ