ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လူကာကူဘက်ကနေ ကာကွယ်ပြောဆိုလိုက်တဲ့ ဒရော့ဘာ

2:32 PM, 3 December

ဘယ်လ်ဂျီယံ အသင်းရဲ့ ရွှေရောင်မျိုးဆက်သစ်အသင်းဟာ ကြာသပတေးနေ့ကပွဲမှာ ခရိုအေးရှားနှင့် ဂိုးမရှိ သရေကျပြီးနောက် ပြိုင်ပွဲကနေထွက်ခွာသွားရပြီဖြစ်ပါတယ်။

ချဲလ်ဆီးသို့ ပြန်လည်ပြောင်းရွေ့ခဲ့ပြီးနောက် -စတန်းဖို့ဒ်ဘရစ်ချ်တွင် ခြေစွမ်းမပြသနိုင်ခဲ့တဲ့ လူကာကူဟာ အင်တာသို့ အငှားပြန်လည်ပြောင်းရွေ့ခဲ့တာဖြစ်ကာ ဒုတိယပိုင်းတွင် အရန်ခုံကနေ လူစားဝင်ရောက်လာခဲ့ပါတယ်။ ဒဏ်ရာ ရရှိနေတာကြောင့် အသက် ၂၉နှစ်အရွယ် ကစားသမားဟာ ဩဂုတ်လကတည်းက ကလပ်အတွက် ၂ ပွဲသာ ကစားထားရပြီး ဂိုးပေါက်ရှေ့မှာ ခြေစွမ်းပျောက်ဆုံးနေတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၉၀ အပြီးမှာတော့ လူကာကူဟာ ကွင်းအတွင်းကနေ မျက်ရည်ကျကာထွက်သွားခဲ့ပြီး လက်ထောက်နည်းပြဖြစ်တဲ့ အွန်နရီက သူ့ကိုနှစ်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။ မြောက်လန်ဒန်မှာ ပထမဆုံးရှိစဉ်ကာလမှာ လူကာကူရဲ့ အိုင်ဒေါဖြစ်တဲ့ ဒရော့ဘာက သူ့ရဲ့အသင်းဖော်ဟောင်းကို ဝေဖန်ခြင်းမပြုဘဲ ကိုယ်ချင်းစာနာမိနေတာဖြစ်ပါတယ်။

"ကျွန်တော်တို့ အားလုံးက လူကာကူအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ လွန်ခဲ့တဲ့ ၂ လ လောက်က ဒဏ်ရာရရှိနေတဲ့ ကစားသမားပေါ် ကျွန်တော်တို့ အပြစ်မတင်နိုင်ပါဘူး။ သူက မိနစ် ၃၀ လောက်သာ ကစားခဲ့ရပြီး ပရိသတ်တွေက သူ့ကိုအနိုင်ရရှိစေချင်နေတာပါ" "တိုက်စစ်မှုးတစ်ဦးအနေနဲ့ သူကလည်း ခြေစွမ်းပြသချင်မှာပါ ဒါပေမဲ့ သူ့အပေါ် အပြစ်တင်ဖို့ကလည်း ခက်ခဲပါတယ်" လို့ ဒရော့ဘာက ပြောပါတယ်။

လူကာကူရဲ့ ပထမဆုံးလွဲချော်မှုက ၇ ကိုက်အကွာအဝေးက ကန်လိုက်တာကို ဂိုးသမားက ကာကွယ်ခဲ့တာဖြစ်ပြီး ဒရော့ဘာက စာနာမိနေတာဖြစ်ပါတယ်။ "ဒါက ခက်ခဲတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခံစစ်မှုးနဲ့ဂိုးသမားက ရှေ့မှာရှိနေတာပါ။ သူ့ရဲ့ညာခြေဖြင့် ကန်ခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်အနေအထားကလည်း ဂိုးဘက်သို့ရှိနေကာ နောက်တန်းခံစစ်မှုးကို လိမ်ခေါက်ဖို့ဆိုတာက အနည်းငယ်ခက်ခဲခဲ့တာပါ" လို့ ဒရော့က ပြောပါတယ်။

"ခြေစွမ်းပြတည်ငြိမ်ဖို့ ပွဲအနည်းငယ်လောက် ကစားဖို့လိုအပ်ပါတယ်။ အင်ဇာဂီလို ကစားသမားမျိုးက ဂိုးသွင်းချင်သွင်းပါလိမ့မယ်။ သူက အမြဲတမ်းအသားကျနေသူဖြစ်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်" "ဂိုးလည်း မသွင်းနိုင်သလို ပြိုင်ပွဲအတွင်း အသင်းသားတွေကြား ပြဿနာအနည်းငယ်ပေါ်ပေါက်ခဲ့တာကြောင့် ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်" "ကစားသမားတွေကြား ပြောဆိုဆွေးနွေးမှုတွေ၊ စကားများပြဿနာဖြစ်မှုတွေကြောင့် သူကလည်း စိတ်ပျက်ခဲ့ရတာဖြစ်ပြီး ဂိုးပေါက်လည်းလွဲခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဒရော့ဘာက ပြောပါတယ်။

#လူကာကူ #ဒရော့ဘာ #၂၀၂၂ကမ္ဘာ့ဖလား