ရှေ့သို့
Image

ဆေးရုံသို့ လစဉ်သွားရောက်နေရတယ်လို့ ပြောကြားလိုက်တဲ့ ဘရာဇီးဂန္တဝင်ပီလီ

11:37 AM, 3 December

ပီလီဟာ ကျန်းမာရေးပြန်သက်သာလာပြီဖြစ်ပေမယ့်လည်း ဆေးရုံကိုတော့ တစ်လတစ်ကြိမ် သွားနေရတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၃ ကြိမ်ရ ပီလီဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘရာဇီးရှိနေအိမ်တွင် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

အူမကြီးမှ အကျိတ်ကိုဖယ်ရှားရန်အတွက် ပီလီဟာ ပြီးခဲ့တဲ့နှစ်က ခွဲစိတ်မှုခံယူခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက် ဆေးရုံကနေဆင်းခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်အစောပိုင်းမှာ ဆေးရုံသွားပြီးနောက်ပိုင်း သူမရဲ့ဖခင်ဟာ အရေးပေါ်ကိစ္စမျိုးကြုံတွေ့ခဲ့ရခြင်းမရှိကြောင်း ပီလီရဲ့သမီးဖြစ်သူ ကယ်လီကပြောပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီလီထံသို့ ကာတာမှာကမ္ဘာ့ဖလားသွားရောက်ကစားနေတဲ့ ဘရာဇီး အမျိုးသားအသင်းမှ အားပေးစကားပြောကြားထားပါတယ်။ သူ့ကိုအားပေးမှုအား ကျေးဇူးတင်ကြောင်းပြသတဲ့ အနေနဲ့ ကာတာနိုင်ငံရှိ သူ့ရဲ့ပုံပါရှိတဲ့ အဆောက်အဦးတစ်ခုပုံကို "မြန်မြန်နေကောင်းပါစေ" လို့ ရေးသားကာ ပီလီက ပို့စ်တင်ခဲ့ပါတယ်။

"မိတ်ဆွေတို့ရေ လစဉ်သွားရောက်ပြသမှုအတွက် ကျွန်တော်က ဆေးရုံကိုရောက်နေတာပါ။ ဒီလိုအပြုသဘောဆောင်တဲ့ စာတွေရရှိတဲ့အတွက် အရမ်းကိုဝမ်းသာရပါတယ်။ အခုလိုချီးကျူးဂုဏ်ပြုတဲ့ကာတာနဲ့ ကျွန်တော့်ထံစာပို့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်" လို့ ပီလီက ရေးသားထားပါတယ်။

#ပီလီ #ဘရာဇီး