ရှေ့သို့
Image

ဆားဘီးယားကို အနိုင်ယူပြီး ရှုံးထွက်အဆင့်ဆီ တက်ရောက်ခဲ့တဲ့ ဆွစ်ဇာလန်

3:51 AM, 3 December

ဆာဘီးယား ၂-၃ ဆွစ်ဇာလန် (ပွဲပြီးရလဒ်)

ရှာကွီရီ ၂၀ မိနစ်

မီထရိုဗစ် ၂၆ မိနစ်

ဗလာဟိုဗစ် ၃၅ မိနစ်

အမ်ဘိုလို ၄၃ မိနစ်

ဖရူလာ ၄၈ မိနစ်


ဒီပွဲစဉ်မှာ နှစ်သင်လုံးရဲ့ခြေစွမ်းပိုင်းက ကောင်းမွန်ခဲ့ပြီး တိုက်စစ်ဖွင့်ကစားခဲ့လို့ သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် ဒုတိယပိုင်းအစမှာပဲ ကွင်းလယ်လူ ဖရူလာက အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့လို့ ဆွစ်ဇာလန်တို့ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာတော့ ဆားဘီးယားက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိဖို့ ကြိုးစားလာခဲ့သလို ဆွစ်ဇာလန်ကလည်း အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်ဖြစ်လို့ နှစ်ဖက်ကစားသမားတွေအကြား မကြာခဏတင်းမာမှုတွေ မြင်တွေ့ခဲ့ရပြီး ကွင်းလယ်ဒိုင်ကလည်း ပွဲကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ပွဲပြီးချိန်မှာတော့ ဆွစ်ဇာလန်က ဆားဘီးယားကို အနိုင်ယူပြီး ကမ္ဘာ့ဖလားရှုံးထွက် ၁၆ သင်းအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန် #ဆားဘီးယား