ရှေ့သို့
Image

အုပ်စုကနေ ထွက်ရခြင်းအတွက် ဂျာမနီ အသင်းမှာသာ တာဝန်ရှိတယ်လို့ ဟန်စီဖလစ်ခ်ဆို

11:01 AM, 2 December

ဟန်စီဖလစ်ခ်က ဂျာမနီအသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမယ်လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့ဖလား၄ကြိမ်ရ ဂျာမနီအသင်းဟာ ယမန်နေ့ညက ကော်စတာရီကာကို အနိုင်ရခဲ့ပေမယ့် တစ်ဖက်မှာ စပိန်အသင်းက ဂျပန်ကို ရှုံးသွားတာကြောင့် အုပ်စုက ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြ ဖလစ်ခ်ကတော့ ဂျာမနီအသင်း ယခုလို စောစောစီးစီး ထွက်ခွာရခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမယ်လို့ ပြောခဲ့ပါတယ်။

ဖလစ်ခ်က “ဒီလိုထွက်ရတာက ကျွန်တော်တို့နဲ့ပဲဆိုင်တာကြောင့် အခြားအသင်းတွေအကြောင်း စိတ်မဝင်စာပါဘူး။ ပွဲတွေနဲ့ ဂိုးတွေကို ကြည့်လိုက်ရင် ဒါက ကျွန်တော်တို့နဲ့ပဲ ဆိုင်တယ်ဆိုတာ တွေ့မှာပါ” “ကျွန်တော်တို့ စပိန်နဲ့ပွဲမှာ နိုင်ပွဲရနိုင်ခြေတွေ ရှိခဲ့ပေမယ့် တကယ်တမ်းမှာ အဲ့ဒီအခွင့်အရေးတွေကိုသာ အသုံးချဂိုးသွင်းနိုင်မယ်ဆိုရင် ဒါက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်လာမှာ မဟုတ်ပါဘူး”

“ဂျာမနီအသင်း ခုလိုထွက်လိုက်ရခြင်းက အကြောင်းအရင်းများစွာရှိပေမယ့် ကျွန်တော်ကတော့ ဆင်ခြေတွေကို ရှာဖွေနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့ကျင့်ချိန်အများကြီး မရခဲ့ပေမယ့် ခုလိုထွက်ရတာက အဲ့ဒါနဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့ ဒီနေ့ နိုင်ပွဲနဲ့ ကွင်းထဲက ထွက်သွားနိုင်ခဲ့ပေမယ့် အခြားပွဲစဉ်တွေမှာလည်း ဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်း ထွက်ခွာရပြီးနောက် သူ့ရဲ့အနာဂတ်အပေါ် မေးမြန်းရာမှာ ဖလစ်ခ်က “ကျွန်တော်တို့ အခုပဲ ထွက်လိုက်ရပေမယ့် ခင်ဗျားတို့က ကျွန်တော်နဲ့ အသင်းအကြောင်းကို သိကြပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပြန်လည်နိုးထပြီး ဒီကနေ ပြန်လာနိုင်အောင် လုပ်မှာပါ။ အဲ့ဒါက အနာဂတ်အတွက် အလွန်အရေးကြီးသလို အဓိကကျတဲ့အရာလည်း ဖြစ်ပါတယ်။ ယူရို၂၀၂၄မလာခင် အဲ့ဒီအကြောင်းပြောဖို့က ခက်ပါတယ်။ အခုတော့ ဒီကျရှုံးမှုကနေ ပြန်လာဖို့ မတူညီတဲ့လမ်းကြောင်းတစ်ခုနဲ့ လုပ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

#ဂျာမနီ #၂၀၂၂ကမ္ဘာ့ဖလား ကော်စတာရီကာ ဟန်ဆီဖလစ်ခ်