ရှေ့သို့
Image

မက္ကဆီကိုအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် တီဗွီကို ထုခွဲခဲ့တဲ့ ပရိသတ်တစ်ဦး

10:28 AM, 2 December

နိုင်ငံအသင်းကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် မက္ကဆီကိုပရိသတ်တစ်ဦးဟာ သူ့ရဲ့ကိုယ်ပိုင်တီဗွီကို ဓားနဲ့ထိုးတဲ့အပြင် လက်နဲ့ပါ ထုခွဲခဲ့တယ်လို့ သိရပါတယ်။

မက္ကဆီကိုအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဆော်ဒီအာရေဗျကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အခြားတဖက်မှာ ပိုလန်က အာဂျင်တီးနားကို ၂ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဂိုးကွာခြားနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

နောက်တဆင့်မတက်ခဲ့တာကြောင့် ပရိသတ်တွေက စိတ်ပျက်နေပြီး အဲ့ထဲမှာ ပရိသတ်တစ်ဦးက တော်တော်ဆိုးဝါးခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရ မက္ကဆီကိုပရိသတ်တစ်ဦးဟာ နိုင်ငံအသင်းကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ဒေါသတကြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပရိသတ်ဟာ တီဗွီကို လက်နဲ့အရင်ထုခဲ့ပြီးနောက် လမ်းလျှောက်ကာ ဓားယူဆောင်လာပြီး ထပ်မံခြစ်ခဲ့တာဖြစ်ပါတယ်။ ဘောက်ဆင်စတား အယ်လ်ဗာရက်ဇ်ကတော့ မက်ဆီကို ဝေဖန်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး လူမှုမီဒီယာကနေ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ မက္ကဆီကိုနည်းပြ မာတီနိုကတော့ သူ့ရဲ့စာချုပ်အနေအထား မရေရာတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဒီပွဲအတွက် ပထမဆုံးတာဝန်ရှိတဲ့သူက ကျွန်တော်ပါ။ စိတ်ပျက်နေကြမယ်ဆိုတာ သိပါတယ်။ ကျွန်တော် ကိုင်တွယ်ချိန်မှာ အခုလိုဖြစ်ခဲ့တဲ့အတွက် ကျွန်တော်ကပဲ တာဝန်အပြည့်ယူပါ့မယ်။ ဒိုင်လူကြီးခရာမှုတ်ချိန်မှာ ကျွန်တော့်စာချုပ်က အဆုံးသတ်ခဲ့ပါပြီ”လို့ မာတီနိုက ပြောကြားခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ #မက္ကဆီကို